Samsung ပရိသတ်တွေ စောင့်မျှော်နေတဲ့ Samsung Galaxy S9 စမတ်ဖုန်းကို ထုတ်ဖော်ပြသမယ့်ရက်ကို Samsung ကုမ္ပဏီကနေ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

Samsung ကတော့ Galaxy S9 စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်မယ့် Unpacked Event မှာပြသသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပြီး အဆိုပါ Samsung Galaxy S9 ဟာ Galaxy S8 နဲ့ အပြင်ပိုင်းဒီဇိုင်းအရတူညီမှာဖြစ်ပြီး Processor အနေနဲ့ Snapdragon 845 ဒါမှမဟုတ် Exynos 9810 နဲ့ ကင်မရာပိုင်းမှာ တီထွင်ဆန်းသစ်မှုတွေအများအပြားပြုလုပ်နေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Samsung Galaxy S9 ကင်မရာဟာ Features အသစ်အဆန်းတွေဖြစ်တဲ့ 480fps Slow Motion Video တွေကို Full HD Resolution နဲ့ ရိုက်ကူးနိုင်တာ၊ Aperture ကိုလည်း f1.5 ကနေ f2.4 ကို လိုသလို ပြောင်းလဲနိုင်တဲ့ Features တွေပါဝင်လာမှာဖြစ်ပြီးတော့ အဲ့ဒါကြောင့်လည်း Samsung ကနေ အခု Launch Event Invitation မှာ “The Camera. Reimagined” လို့ ရေးထားပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S9 စမတ်ဖုန်းကတော့ Samsung ပရိသတ်တွေအတွက် စောင့်ရတာ ကျေနပ်စေမယ့် ဖုန်းတစ်ခုဖြစ်လာမှာပါ။