Samsung ကနေ Galaxy S Series စမတ်ဖုန်းကို မကြာခင်ထုတ်လုပ်ပေးသွားတော့မှာတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာ Samsung ကနေ Galaxy S9 စမတ်ဖုန်းကို တရားဝင်ကြေငြာမယ့်အချိန်ကို တရားဝင်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။

အခုသတင်းကို Samsung ကုမ္ပဏီရဲ့ President ဖြစ်တဲ့ DJ Koh ကနေပြောကြားခဲ့တာဖြစ်ပြီးတော့ Samsung ကနေ လာမယ့်ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်မယ့် Mobile World Congress – MWC 2018 Event မှာ ပြသသွားမယ်ဆိုပြီး ပြောကြားခဲ့တာပါ။

အဲ့ဒီအတွက် အခုနှစ်မှာတော့ Samsung ရဲ့ Flagship စမတ်ဖုန်းကို စောစောတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ Samsung Galaxy S9 ဟာ မနှစ်ကထွက်ရှိထားတဲ့ Galaxy S8 စမတ်ဖုန်းနဲ့ အများကြီးကွာခြားခြင်းမရှိပေမယ့်လည်း Qualcomm Snapdragon 845 သို့မဟုတ် Exynos 9810 Processor နဲ့ ကင်မရာပိုင်းမှာ Upgrade ပြုလုပ်ထားမှာဖြစ်တယ်လို့ ယူဆရပါတယ်။

အခုလိုမျိုး Samsung Galaxy S9 စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလမှာ မိတ်ဆက်သွားမယ့်အတွက် မတ်လဝန်းကျင်လောက်မှာတော့ ဝယ်ယူရရှိနိုင်မယ်လို့ ယူဆရပါတယ်။