Samsung ရဲ့ နောက်နှစ်အတွက် အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Samsung Galaxy S9 စမတ်ဖုန်းဟာ အခုဆိုရင်တရားဝင်ထုတ်ဖော်ပြသဖို့ အချိန်အနည်းငယ်ပဲ ကျန်ရှိနေတော့တာပါ။

အခုအချိန်မှာတော့ Samsung ကနေ Galaxy S9 ထွက်ရှိမယ့်အချိန်ကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် Galaxy S9 ရဲ့ အပြင်ပန်းဒီဇိုင်းကတော့ အနည်းနဲ့အများပါက်ကြားနေတာဖြစ်ပါတယ်။ ဒါပေမယ့်အခု စမတ်ဖုန်း Case Maker တစ်ဦးဖြစ်တဲ့ Ghostek ကြောင့် Samsung Galaxy S9 စမတ်ဖုန်းရဲ့ ဒီဇိုင်းအတိအကျကိုတွေ့မြင်လာရပါပြီ။

အခု Case Maker Ghostek ထုတ်လုပ်ထားတဲ့ Galaxy S9 ရဲ့ Case ဟာ အကြမ်းခံနိုင်တဲ့ Case ပုံစံမျိုးဖြစ်ပြီး အခု Case Design အရတော့ Samsung Galaxy S9 ဟာ ဒီဇိုင်းပိုင်း အများကြီး ပြောင်းလဲမှာမဟုတ်တဲ့ပုံပါပဲ။

Samsung Galaxy S9 ဟာ ယခုနှစ်မှာထွက်ရှိခဲ့တဲ့ Samsung Galaxy S8 နဲ့ အများစုတူညီပြီး ပိုမိုပါးလွှာလာတဲ့ဘေးဘောင်တွေနဲ့ Galaxy S8 ဖုန်းလိုပဲ Single Camera ပဲ အသုံးပြုထားတာကို တွေ့ရပါတယ်။ Samsung Galaxy S8 နဲ့ မတူညီတာကတော့ Fingerprint Sensor နေရာကို ပိုပြီးလွယ်ကူတဲ့ ကင်မရာအောက်ဘက်ကိုရွေ့ထားတာပဲဖြစ်ပါတယ်။

နောက်နှစ်မှာထွက်ရှိလာမယ့် Samsung Galaxy S9 စမတ်ဖုန်းမှာလည်း 3.5mm Audio Jack ကို ဆက်လက်ထည့်သွင်းလာဦးမှာဖြစ်ပြီးတော့ အချို့ကလည်း Samsung Galaxy S9+ စမတ်ဖုန်းမှာတော့ Dual Camera စနစ်ထည့်သွင်းလာမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung Galaxy S9 စမတ်ဖုန်းရဲ့ ဒီဇိုင်းကတော့ နောက်နှစ်အစောပိုင်းမှာ တရားဝင်မကြေငြာခင် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။