Samsung ရဲ့ Galaxy S9 နဲ့ Galaxy S9+ ဖုန်းတွေ နောက်နှစ် ၂၀၁၈ ဖေဖော်ဝါရီလထဲမှာ ကြေငြာသွားတော့မှာဖြစ်ပါတယ်။ အခုမကြေငြာခင် လပိုင်းအလိုမှာ Samsung Galaxy S9 နဲ့ S9+ ဖုန်းတွေရဲ့ Final Design လို့ ယူဆရတဲ့ Render Video တွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

Samsung Galaxy S9 မှာ ယခုထွက်ရှိလာတဲ့ ဗီဒီယိုတွေအရ Fingerprint Scanner ကို Screen အောက်မှာထားရှိဦးမှာမဟုတ်ပဲ Dual Camera အောက်မှာပဲ ထားရှိလာတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် မျှော်လင့်သလိုတော့မဟုတ်ပဲ Fingerprint က ယခင် S8 ထက်တော့ ပိုပြီး အသုံးပြုရလွယ်တဲ့နေရာမှာရှိနေမှာဖြစ်ပါတယ်။

Samsung Galaxy S9+ ကလည်း Samsung Galaxy S8 နဲ့ S8+ ကွာခြားသလိုပဲ အရွယ်အစားပဲအနည်းငယ်ပိုကြီးသွားတာကိုတွေ့ရပါတယ်။ Samsung ရဲ့ Trademark လိုဖြစ်လာတဲ့ Glass Body ကိုပဲ ဆက်လက်အသုံးပြုထားတာပါ။

ကျန်တဲ့ ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေက သိပ်မရှိပဲ Curved Display ကို ဆက်လက်အသုံးပြုလာမှာဖြစ်သလို Bixby Button နဲ့ 3.5mm Headphone Jack တွေကလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။