Samsung ကနေ လုံခြုံရေးနည်းလမ်းတစ်ခုဖြစ်တဲ့ Iris Scanner ကို ပြီးခဲ့တဲ့နှစ် Galaxy Note 7 ဖုန်းမှာထဲက စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ Face Unlock စနစ်ကိုလည်း Samsung Galaxy S8 ဖုန်းမှာထည့်သွင်းခဲ့တယ်ဆိုပေမယ့် မအောင်မြင်ခဲ့ပဲ ဖောက်ထွက်နိုင်တဲ့သူတွေရှိခဲ့တာဖြစ်ပါတယ်။

ယခုနှစ်မှာလည်း Apple ကနေ Face ID နည်းပညာအသစ်နဲ့ iPhone X ကိုထုတ်ပြခဲ့ပြီး လက်ရှိမှာ Fingerprint ပြီးရင်အလုံခြုံဆုံးနည်းပညာတစ်ခုလို့တောင် ပြောလို့ရမှာပါ။

ဒါပေမယ့် Samsung ကနေလည်း Apple ရဲ့ Face ID ထက် ပိုကောင်းတဲ့ Iris Scanner အသစ်ကို Samsung Galaxy S9 မှာ ထည့်သွင်းသွားမယ်လို့ ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ Galaxy S9 ရဲ့ Iris Scanner ဟာ 3MP Size ကို အဆင့်မြှင့်တင်ထားမှာဖြစ်တဲ့အတွက် အလွန်မြန်ဆန်ပြီး အမှောင်ထဲမှာပါ အလုပ်လုပ်နိုင်ကြောင်းသိရပါတယ်။