Samsung ကနေ သူရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S Series စမတ်ဖုန်းတွေကို Mini Version အနေနဲ့ အသုံးပြုတာက Samsung Galaxy S5 Mini က နောက်ဆုံးအနေနဲ့ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ သူရဲ့ Galaxy S8 စမတ်ဖုန်းကို Mini Version အနေနဲ့ ထုတ်လုပ်ဖို့ ကြံစည်နေပုံပါပဲ။ အခု Samsung Galaxy S9 Mini ဟာ Qualcomm Snapdragon 660 Processor အပြင် RAM 4GB ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါက Samsung Galaxy S9 လောက်တော့ မကောင်းပေမယ့် သာမန် Mid Range ဖုန်းတစ်ခုထက်တော့ သာသေးတယ်လို့ ပြောလို့ရပါတယ်။

Display အနေနဲ့တော့ Samsung Galaxy S9 Mini စမတ်ဖုန်းဟာ 5″ Infinity Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ Battery အနေနဲ့ 2750mAh Battery ပါဝင်လာလောက်မှာပါ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S9 စမတ်ဖုန်းကို အရမ်းကြီးတယ်လို့ ထင်နေတဲ့သူတွေအတွက် S9 Mini က အကြိုက်တွေ့စေဦးမှာပါ။