Samsung ကနေ Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ အရွယ်အစားပိုသေးငယ်တဲ့ Samsung Galaxy S9 Mini စမတ်ဖုန်းကို ထပ်မံထုတ်လုပ်ဦးမှာဖြစ်ပါတယ်။

လက်ရှိသိရတဲ့ သတင်းတွေအရတော့ Samsung ဟာ Galaxy S9 Mini ဖုန်းကို Samsung Galaxy S9 စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းမတူညီအောင် ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ကင်မရာကို ဖုန်းရဲ့ ဘေးဘက်မှာ ဒေါင်လိုက်ထားရှိသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ခုထူးဆန်းတာကတော့ Samsung ရဲ့ Galaxy S9 Mini ဖုန်းမှာ Galaxy S9 Plus စမတ်ဖုန်းလိုပဲ Dual Camera ပါဝင်နေတာဖြစ်ပါတယ်။ Samsung ရဲ့ Galaxy S9 စမတ်ဖုန်းမှာတောင် Single Camera ကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် အခုလိုမျိုး Dual Camera ကို S9 Mini မှာ ထည့်သွင်းတားတာက မတူညီတဲ့ Camera Setup ဖြစ်နိုင်မလားလို့ ယူဆရပါတယ်။

Samsung Galaxy S9 Mini ဖုန်းက Samsung Galaxy S9 ဖုန်းတွေထက် အနည်းငယ်စွမ်းဆောင်ရည်နိမ့်တဲ့ Processor ကို အသုံးပြုလာနိုင်ပြီးတော့ RAM အနေနဲ့ 4GB ဒါမှမဟုတ် 6GB ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ Galaxy S9 နဲ့ တူညီတဲ့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။