Samsung ရဲ့ နောက်နှစ် ၂၀၁၈ အတွက် Flagship ဖုန်းဖြစ်လာမယ့် Samsung Galaxy S9 ဖုန်းကို နှစ်စမှာတင်မြင်ရတော့မှာဖြစ်ပါတယ်။ ယခင်က ၂၀၁၈ ဇန်နဝါရီလမှာကျင်းပမယ့် CES 2018 ပွဲမှာ ပြသသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ရက်အတိအကျနီးပါး သိလာရတာဖြစ်ပါတယ်။

Samsung Galaxy S9 ဖုန်းကို နောက်နှစ် ၂၀၁၈ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြသသွားမှာဖြစ်ပြီးတော့ အဲ့ဒီအချိန်က Mobile World Congress 2018 ပွဲလည်း ကျင်းပနေတဲ့အချိန်ဖြစ်တဲ့အတွက် Galaxy S9 ကို အဆိုပါ ပွဲမှာပဲ ထုတ်ဖော်ပြသသွားမှာလား…သီးခြား Event တစ်ခုနဲ့ပဲ ကျင်းပသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Samsung က အခုလိုမျိုး Samsung Galaxy S9 ကို နှစ်စထဲကရောင်းချဖို့စိတ်ကူးနေတာက ဒီနှစ်မှာ Samsung Galaxy S8 ကို ဧပြီလမှ ရောင်းချနိုင်တာမျိုးမဖြစ်ရအောင် မတ်လထဲက ရောင်းချဖို့ စိတ်ကူးနေပုံပါပဲ။

Samsung Galaxy S9 ဖုန်းဟာ Qualcomm Snapdragon 845 ကို အစောဆုံးသုံးလာနိုင်တဲ့ဖုန်းဖြစ်ပြီးတော့ RAM 6GB ၊ Dual 12 MP Camera နဲ့ ပိုပြီးကောင်းမွန်တဲ့ Infinity Display ပါဝင်လာမယ်လို့ ယူဆရပါတယ်။