Samsung ရဲ့ Galaxy S Series စမတ်ဖုန်းတွေက နှစ်တိုင်းမှာ အကောင်းဆုံးသော Flagship စမတ်ဖုန်း Series တွေလို့ လူသိများနေတာပဲဖြစ်ပါတယ်။ ယခုနှစ်မှာလည်း Samsung ကနေ ကင်မရာပိုင်းအဆင့်မြှင့်တင်မှုတွေနဲ့အတူ Samsung Galaxy S9 နဲ့ S9 Plus ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ MyTech Myanmar ကနေ ရက်အနည်းငယ်စမ်းသုံးကြည့်ပြီးတော့ Samsung Galaxy S9 Plus ဖုန်းကို Review လုပ်ဖြစ်ခဲ့ပါတယ်။

Design

Samsung Galaxy S9 Plus စမတ်ဖုန်းတွေက မနှစ်ကထုတ်လုပ်ခဲ့တဲ့ Samsung Galaxy S8 Plus ဖုန်းတွေရဲ့ ဒီဇိုင်းကိုပဲ အနည်းငယ်ပြင်ဆင်ထားတာဖြစ်ပါတယ်။ Display အနေနဲ့လည်း Samsung Galaxy S8 Plus စမတ်ဖုန်းလိုမျိုးပဲ 6.2″ တူတူပဲဖြစ်ပြီးတော့ ဒီတစ်ခါမှာတော့ Samsung ကနေ Fingerprint Sensor နေရာကို ပိုပြီးလွယ်ကူအောင် ကင်မရာရဲ့ အောက်မှာ ပြန်လည်ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

Performance

Samsung Galaxy S9 Plus ဖုန်းက ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရလည်း ထိပ်တန်းအဆင့်ရှိတာကိုတွေ့ရပါတယ်။ Processor အနေနဲ့ကတော့ Qualcomm Snapdragon 845 Processor နဲ့ စွမ်းဆောင်ရည်မတိမ်းမယိမ်းရှိတဲ့ Exynos 9810 Processor ကို အသုံးပြုထားတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ အမြန်ဆုံးသော စွမ်းဆောင်ရည်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် S9 Plus ဖုန်းမှာဆိုရင် RAM 6GB အပြင် Storage ကလည်း 128GB တောင် ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card ကလည်း ပါဝင်ဦးမှာပါ။

Camera

ဒါကတော့ Samsung Galaxy S9 Plus ဖုန်းရဲ့ တကယ့် အခရာကျတဲ့နေရာရောက်လာပါပြီ။ Samsung Galaxy S9 Plus ဖုန်းမှာ Primary Camera ကို 12MP Sensor ကိုပဲ သုံးထားတာဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ အလင်းဝင်ပေါက် Aperture ကို နှစ်မျိုးပြောင်းလဲနိုင်ပြီးတော့ Aperture f1.5 နဲ့ Aperture f2.4 ကို ရွေးချယ်ရိုက်ကူးနိုင်မှာပါ။ ပုံမှန်အတိုင်းဆိုရင်တော့ Auto Mode မှာ ဖုန်းက အလိုအလျောက် ဘယ် Aperture နဲ့ ရိုက်ကူးမလဲဆိုတာကို ဆုံးဖြတ်ပြီးတော့ Manual စိတ်ကြိုက် Aperture ကို ရွေးချယ်ရိုက်ကူးချင်တယ်ဆိုရင်တော့ Pro Mode ကနေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Aperture f1.5 နဲ့ ရိုက်ကူးနိုင်တဲ့အားသာချက်ကတော့ အခြားဘယ်စမတ်ဖုန်းမှာမှ ရိုက်ကူးနိုင်ခြင်းမရှိတဲ့ အရမ်းကို ကောင်းတဲ့ Low Light Shot တွေကို ရိုက်ကူးနိုင်တာပဲဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။

နောက်ထပ် အကြိုက်တွေ့မိတဲ့ ကင်မရာ Feature တစ်ခုကတော့ 960fps Super Slow-Motion Video တွေပဲဖြစ်ပါတယ်။ Samsung ဟာ Galaxy S9 နဲ့ S9 Plus မှာ Super Slow-Motion Video တွေကို ရိုက်ကူးနိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီး ဒါက လက်ရှိ အခြားသော Flagship စမတ်ဖုန်းတွေထက် ၄ ဆ ပိုနှေးတဲ့ Slow-Motion Video တွေကို ရိုက်ကူးနိုင်စေတာပဲဖြစ်ပါတယ်။ အဲ့ဒီထက် ထူးခြားတာကတော့ Auto Motion Detection ပါဝင်တဲ့အတွက် ကိုယ်ရိုက်ကူးချင်တဲ့ Slow-Motion Video တွေရဲ့ အသက်အဝင်ဆုံးလှုပ်ရှားမှုတွေကို လုံးဝမလွတ်သွားစေပဲရိုက်ကူးနိုင်မှာပါ။

Samsung Galaxy S9 Plus မှာတော့ 8MP Secondary Sensor တစ်ခုအပိုပါ ဝင်မှာဖြစ်ပြီးတော့ Portrait Mode အပြင် Wide Angel Shot တွေကိုပါ ရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။

AR Emoji

Samsung Galaxy S9 အကြောင်းပြောရင် AR Emoji က မပါမဖြစ်ပါ။ ဒါက Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Social Media အသုံးပြုကြတဲ့ ကျွန်တော်တို့တွေအတွက် အရေးအပါဆုံးသော Feature တစ်ခုလည်းဖြစ်ပါတယ်။ အရင်ဆုံး ကင်မရာ App က AR Emoji မှာ ကိုယ့် ဓါတ်ပုံရိုက်လိုက်ပြီး ကိုယ်နဲ့ အတူဆုံး ရုပ်ပြောင်ကာတွန်းပုံလေးတွေဖန်တီးပြီး Social Media မှာ Sticker အနေနဲ့ ပို့လို့ရတာက အခြားသော စမတ်ဖုန်းသုံးတဲ့သူတွေကိုတောင် အားကျစေမယ့် အားသာချက်ပါ။

Other Features

ကျန်တဲ့အချက်တွေကို ပြောပါဆိုရင်တော့ Samsung Galaxy S9 Plus ဖုန်းမှာ 3500mAh Battery တွေပါ ဝင်ပြီးတော့ တစ်နေကုန်ကောင်းကောင်းအသုံးပြုလို့ရတယ်။ Wireless Charging အပြင် Fast Charging ကိုပါ Support ပြုလုပ်တာကလည်း အားသွင်းချိန်ကို သိသိသာသာလျော့ချစေပါတယ်။ နောက်ထပ် IP 68 လည်းပါတော့ အခုလို မကြာခင် သင်္ကြန်ပွဲတော်မှာပဲဖြစ်ဖြစ် မိုးမိတာပဲဖြစ်ဖြစ် ကြောက်စရာလည်းမလိုဘူး။

နောက်ထပ် ထူးထူးခြားခြား Features လေးတွေကတော့ Bluetooth 5.0 ပါလာတာ၊ ရုပ်ရှင်ကြည့်တဲ့အခါ၊ သီချင်းနားထောင်တဲ့အချိန်တွေမှာ သိသိသာသာကို ကောင်းလာတဲ့ Dolby ATMOS အသံစနစ်ကို Support ပြုလုပ်တဲ့ AKG Dual Stereo Speakers တွေပါလာတာက တော်တော်လေးကို ကောင်းမွန်တဲ့အချက်တွေပါ။ နားကြပ်နဲ့ သီချင်းနားထောင်မယ်ဆိုရင်လည်း အခုနောက်ပိုင်း Flagship ဖုန်းတွေကို Audio Jack ကို မဖြုတ်ပစ်ပဲ ထည့်သွင်းထားတာကလည်း အားရစရာပါ။

နိဂုံးချူပ်ရမယ်ဆိုရင် Samsung Galaxy S9 Plus စမတ်ဖုန်းက ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ ကောင်းနေပြီးသား Galaxy S8 Plus ဖုန်းတွေကို ပိုပြီးကောင်းမွန်အောင် အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ခဲ့တာပါ။ ပိုပြီးကောင်းလာတဲ့ ကင်မရာ၊ ပိုကောင်းလာတဲ့ Speakers ၊ ပိုပြီး မြန်ဆန်တဲ့ Processor နဲ့ Super Slow-Motion ၊ AR Emoji လိုမျိုး Features အသစ်အဆန်းတွေလည်းထည့်သွင်းထားတော့ လက်ရှိအကောင်းဆုံး Flagship ဖုန်းဝယ်မယ်ဆိုရင် Galaxy S9 Plus ဖုန်းကိုပဲ ထိပ်ဆုံးက ညွှန်းပေးရမှာပါ။