အခုအချိန်မှာ စမတ်ဖုန်းတွေအကုန်လုံးက Display အရွယ်အစားတွေက ပို ပိုပြီးကြီးလာတာကို လူတိုင်းအသိပဲဖြစ်မှာပါ။ အခုလိုမျိုး Display က အရွယ်အစားကြီးလာတဲ့အတွက်ကြောင့် စမတ်ဖုန်းအရွယ်အစားလည်း လိုက်ပြီး ကြီးလာပါတယ်။ အများစုကတော့ ကြီးမားတဲ့ Display ကို လူတိုင်းကြိုက်ကြပေမယ့် ဖုန်းအရွယ်အစားပါ ကြီးမားလာတဲ့အတွက် လက်တဖက်ထဲနဲ့ အသုံးပြုဖို့ ခက်ခဲလာပါတယ်။

Samsung ကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Samsung Galaxy S9 စမတ်ဖုန်းကတော့ ကြီးမားတဲ့ 5.8″ Display ပါဝင်သလို အရွယ်အစားကလည်း သာမန် 5″ Display ပါဝင်တဲ့ ဖုန်းတစ်လုံးအရွယ်အစားပဲရှိတဲ့အတွက် ကြီးမားတဲ့ Display ကို လက်တစ်ဖက်ထဲကိုင်လို့ အဆင်ပြေတဲ့ သေးငယ်တဲ့အရွယ်အစားနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

ဒါက ဘာကြောင့်လဲဆိုရင်တော့ Samsung ကနေ Galaxy S8 စမတ်ဖုန်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ Infinity Display Design ကြောင့်ပဲဖြစ်ပါတယ်။ Screen Ratio က ပိုပြီးရှည်သွားပြီးတော့ စာဖတ်ရပိုအဆင်ပြေလာတဲ့ 18.5:9 Ratio ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဘေးဘောင်တွေက အခြားသော စမတ်ဖုန်းတွေထက်ပိုမိုသေးငယ်ပြီးတော့ 5.8″ Display နဲ့ ဖုန်းတစ်ခုကို 5″ Display ဖုန်းလိုမျိုး အသုံးပြုလို့ရစေတာပါ။

နောက်ပြီး အခု Samsung Galaxy S9 မှာ Fingerprint နေရာကို ပိုပြီး အသုံးပြုရတာလွယ်ကူတဲ့ Camera အောက်ကို နေရာပြောင်းရွေ့ထားတဲ့အတွက် ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။

အခုလိုမျိုး အရွယ်အစားအရ ကိုင်လို့အဆင်ပြေပြီး အခြားသော Samsung Galaxy S9 Plus နဲ့ Note 8 လိုမျိုး ဖုန်းတွေကို အရွယ်အစားမကြီးတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရ လျော့နည်းမလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။

Samsung Galaxy S9 ဖုန်းဟာ လက်ရှိမှာ အကောင်းဆုံးသော Processor ဖြစ်တဲ့ Samsung Exynos 9810 Processor ကို RAM 4GB ၊ Storage 64GB နဲ့ တွဲဖက်ထားတာဖြစ်ပြီးတော့ Storage ထပ်တိုးချဲ့ဖို့အတွက် MicroSD Card Slot လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

နောက်ပြီး ကင်မရာပိုင်းမှာလည်း Wide Angle Shot တွေကို ရိုက်ကူးဖို့ Secondary 8MP Lens ပါဝင်ခြင်းမရှိဘူးဆိုပေမယ့် Primary 12MP Sensor ကတော့ Galaxy S9 Plus လိုမျိုး Dual Aperture Camera ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Low Light ကလည်း လက်ရှိအကောင်းဆုံးသော စမတ်ဖုန်းဖြစ်နေမှာဖြစ်သလို Samsung Galaxy S9 Plus ဖုန်းလိုမျိုးပဲ Super Slow-Motion Video တွေ၊ AR Emoji တွေကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် Samsung ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Dual Stereo Speakers တွေ၊ IP 68 Water Resistant Feature ၊ Quad HD+ Resolution Display နဲ့ အခြားသော အကောင်းဆုံးသော Features တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

Samsung Galaxy S9 မှာ Battery အနေနဲ့ကတော့ 3000mAh Battery ပဲပါဝင်မှာဖြစ်ပြီးတော့ တနေ့တာအသုံးပြုမှုတွေအတွက် လုံလောက်မှာပါ။

Samsung Galaxy S9 ဖုန်းကို ငွေကျပ် ၁၀ သိန်း ၉ သောင်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ အခြားသော Features တွေနဲ့ ယှဉ်ရင်တန်တယ်လို့ ပြောနိုင်မှာပါ။