Samsung ကနေ အခုနောက်ဆုံးအနေနဲ့ Pressure-Sensitive Fingerprint Scanner နာမည်နဲ့ မူပိုင်ခွင့် Patent တစ်ခုကိုရယူလိုက်ပါတယ်။ အဆိုပါမူပိုင်ခွင့်ဟာ လက်ရှိအချိန်မှာ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေမှာ မမြင်တွေ့ရသေးတဲ့ Screen Display အောက်မှာ Fingerprint ကိုထည့်သွင်းဖို့ပဲဖြစ်ပါတယ်။

Samsung ကနေ အခုရယူလိုက်တဲ့ မူပိုင်ခွင့်မှာ Screen Display မှာ Pressure Points တွေ ၁၂ ခုအထိထားရှိမှာဖြစ်ပြီး ပုံမှန်ဖုန်းအသုံးပြုနေတာနဲ့ Fingerprint အနေနဲ့ Scan ဖတ်ယူမှုကို ခွဲခြားသွားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Samsung Galaxy S9 စမတ်ဖုန်းမှာ Fingerprint Scanner ကို ဖုန်းရဲ့ Screen မှန် နဲ့ Display ကြားမှာ တပ်ဆင်ထားနိုင်ပြီး Fingerprint နဲ့ Scan ပြုလုပ်ပြီးကြောင်းသိနိုင်မယ့် Haptic Feedback လည်း တပ်ဆင်ထားမယ်လို့ ယူဆရပါတယ်။

အဆိုပါ Display အောက်ခြေမှာ တပ်ဆင်ထားတဲ့ Fingerprint Scanner ဟာ နေရာတစ်နေရာမှာပဲ အသေ သတ်မှတ်ထားတာမဟုတ်ပဲ ဖုန်း Screen ရဲ့ နှစ်သက်ရာနေရာကို ဖိလိုက်ရုံနဲ့ Fingerprint ကို ဖတ်ရှုနိုင်ဦးမယ်လို့ သိရပါတယ်။

အခုလိုမျိုး Samsung ရဲ့ အလန်းစားနည်းပညာကို နောက်နှစ် Samsung Galaxy S9 မှာပါဝင်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပါ။