Samsung က လာမယ့် ဒီဇင်ဘာလမှာစတင်ပြီးတော့ နောက်နှစ်အတွက် Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Samsung Galaxy S9 ကို ထုတ်လုပ်မှုတွေစတင်တော့မယ်ဟု သိရှိပါတယ်။

ဒါပေမယ့်လည်း ယခုနှစ် Glaxy S8 မှာတုန်းက ဝေဖန်ခံခဲ့ရတဲ့ Fingerprint နေရာက ကင်မရာဘေးရောက်နေတဲ့အတွက် လက်လှမ်းမမှီသလိုမျိုးပဲ နောက်နှစ် Galaxy S9 မှာလည်း တူညီတဲ့နေရာမှာပဲ ထားရှိလာမယ်လို့ သိရပါတယ်။

အခုလိုမျိုး Samsung က Galaxy S9 မှာ Fingerprint နေရာကို ပြင်ဆင်ခြင်းမပြုတာက နောက်နှစ် နှစ်ဝက်နောက်ပိုင်းမှာထွက်ရှိမယ့် Samsung Galaxy Note 9 မှာ Under Glass Fingerprint Sensor ကို ပြုလုပ်နိုင်အောင်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung ကနေ အသုံးပြုသူတွေရဲ့ Feedback ကို နားမထောင်ပဲ အသုံးပြုရတာ အဆင်မပြေတဲ့နေရာမှာပဲ Fingerprint ကိုထားဖို့ စိတ်ကူးနေတာက အဆင်မပြေလှပါဘူး။ Under Glass Fingerprint လည်းပါဝင်လာမှာမဟုတ်သလို Apple iPhone X လို လုံခြုံစိတ်ချရတဲ့ Face ID လည်း ပါဝင်မှာမဟုတ်တော့ ဒါက အားနည်းချက်လို့ပြောရမှာပါ။