[Zawgyi]

Samsung Watch က ထြက္တာေတာ့ ၾကာပါၿပီ။ Gear S3 မ်ိဳးဆက္ကေန ခြဲထြက္လာတဲ့ သေဘာပါ။ Panel Level Packaging (PLP) နည္းပညာ ပါဝင္ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ Chip တည္ေဆာက္ပုံေတြဟာ Board ေပၚကို ပိုၿပီး မွီခိုထားသလို ပိုၿပီး အဆင့္ျမင့္လာပါတယ္။ အားသာခ်က္က ဘက္ထရီအတြက္ ေနရာပိုရလာတာပါပဲ။

လြန္ခဲ့တဲ့ သုံးလေလာက္ကတည္းက 4G အမ်ိဳးအစားကို ေမွ်ာ္လင့္ေနၾကေပမယ့္ အခုအခ်ိန္မွာမွ UK အတြက္ ထုတ္လုပ္ေရာင္းခ်လိုက္တာ ျဖစ္ပါတယ္။ Galaxy Watch ေတြဟာ Exynos 9110 Dual core 1.15GHz processor, 4GB storage နဲ႔ လာတာ ျဖစ္ပါတယ္။ Smart Watch ေတြဟာ Version 5.0 နဲ႔အထက္ Samsung မဟုတ္တဲ့ Android ေတြ၊ iOS 9.0 နဲ႔အထက္ စတာေတြနဲ႔လည္း အလုပ္လုပ္တဲ့အတြက္ လူႀကိဳက္မ်ားၾကပါတယ္။

LTE အမ်ိဳးအစား Galaxy Watch ေတြဟာ 1.5GB RAM ေတြျဖစ္ၾကပါတယ္။ 46mm နဲ႔ 42mm ဆိုၿပီး အ႐ြယ္အစား ႏွစ္မ်ိဳးျဖစ္သလို 1.3-inch နဲ႔ 1.2-inch Circular Super AMOLED မ်က္ႏွာျပင္ေတြ အသုံးျပဳထားပါတယ္။ အၾကမ္းခံႏိုင္မႈအရည္အေသြးက MIL-STD-810 ျဖစ္ပါတယ္။ ဘက္ထရီအားျဖင့္ 472mAh နဲ႔ 270mAh ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။ ေယဘုယ်အားျဖင့္ နာရီ ၈၀ နဲ႔ ၄၅ နာရီစီ အသီးသီး သုံးလို႔ရပါတယ္။ UK မွာေတာ့ ဒီ 4G Galaxy Watch ေတြကို ဖုန္းဆက္ၿပီး အလြယ္တကူ ဝယ္ယူလို႔ရသလို အြန္လိုင္းစတိုးကေနလည္း မွာယူလို႔ရပါတယ္။ ဒါ့အျပင္ တစ္လကို ေပါင္ႏွစ္ဆယ္ သြင္းရတဲ့ ၂၄လ အစီအစဥ္နဲ႔လည္း ဝယ္ယူလို႔ ရပါတယ္။

Ref: sammobile

[Unicode]

Samsung Watch က ထွက်တာတော့ ကြာပါပြီ။ Gear S3 မျိုးဆက်ကနေ ခွဲထွက်လာတဲ့ သဘောပါ။ Panel Level Packaging (PLP) နည်းပညာ ပါဝင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ Chip တည်ဆောက်ပုံတွေဟာ Board ပေါ်ကို ပိုပြီး မှီခိုထားသလို ပိုပြီး အဆင့်မြင့်လာပါတယ်။ အားသာချက်က ဘက်ထရီအတွက် နေရာပိုရလာတာပါပဲ။

လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက 4G အမျိုးအစားကို မျှော်လင့်နေကြပေမယ့် အခုအချိန်မှာမှ UK အတွက် ထုတ်လုပ်ရောင်းချလိုက်တာ ဖြစ်ပါတယ်။ Galaxy Watch တွေဟာ Exynos 9110 Dual core 1.15GHz processor, 4GB storage နဲ့ လာတာ ဖြစ်ပါတယ်။ Smart Watch တွေဟာ Version 5.0 နဲ့အထက် Samsung မဟုတ်တဲ့ Android တွေ၊ iOS 9.0 နဲ့အထက် စတာတွေနဲ့လည်း အလုပ်လုပ်တဲ့အတွက် လူကြိုက်များကြပါတယ်။

LTE အမျိုးအစား Galaxy Watch တွေဟာ 1.5GB RAM တွေဖြစ်ကြပါတယ်။ 46mm နဲ့ 42mm ဆိုပြီး အရွယ်အစား နှစ်မျိုးဖြစ်သလို 1.3-inch နဲ့ 1.2-inch Circular Super AMOLED မျက်နှာပြင်တွေ အသုံးပြုထားပါတယ်။ အကြမ်းခံနိုင်မှုအရည်အသွေးက MIL-STD-810 ဖြစ်ပါတယ်။ ဘက်ထရီအားဖြင့် 472mAh နဲ့ 270mAh ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ယေဘုယျအားဖြင့် နာရီ ၈၀ နဲ့ ၄၅ နာရီစီ အသီးသီး သုံးလို့ရပါတယ်။ UK မှာတော့ ဒီ 4G Galaxy Watch တွေကို ဖုန်းဆက်ပြီး အလွယ်တကူ ဝယ်ယူလို့ရသလို အွန်လိုင်းစတိုးကနေလည်း မှာယူလို့ရပါတယ်။ ဒါ့အပြင် တစ်လကို ပေါင်နှစ်ဆယ် သွင်းရတဲ့ ၂၄လ အစီအစဉ်နဲ့လည်း ဝယ်ယူလို့ ရပါတယ်။

Ref: sammobile