Samsung ရဲ့ Smartwatch တွေဟာ အခုအချိန်အထိ Android ဖုန်းသုံးစွဲသူတွေကြားမှာ ရွေးချယ်ဖို့အသင့်တော်ဆုံး Smartwatch တွေဖြစ်ပါတယ်။ အခုလည်း Samsung ကနေ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ Galaxy Watch6 Smartwatch အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Samsung Galaxy Watch6 Series ဟာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတွေပါဝင်လာမှာဖြစ်ပြီး Pro Model မှာဆိုရင် ယခင် Watch5 Pro မှာ မပါဝင်ခဲ့တဲ့ လှည့်နိုင်တဲ့ Rotating Bezel တွေကိုပါ ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုမှုအပိုင်းမှာ ပိုပြီး ကောင်းမွန်တဲ့အတွေ့အကြုံကို ရရှိစေမှာပါ။

နောက်ထပ်သတင်းကောင်းတစ်ခုက Samsung Galaxy Watch6 Series တွေမှာ Chipset အသစ်ကို အသုံးပြုထားမှာဖြစ်ပြီး Exynos W980 လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Chipset အသစ်ဟာ Galaxy Watch4 နဲ့ Watch5 Series မှာပါဝင်တဲ့ Exynos W920 Chipset ထက် စွမ်းဆောင်ရည်ပိုင်းမှာ ၁၀ ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။

Exynos W980 Chipset ဟာ 5nm Architecture ကို အခြေခံထားတဲ့အတွက် Battery Life ပိုင်းမှာလည်း ယခင်ထက် ပိုမိုကြာရှည်ခံမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Galaxy Watch6 Series ဟာ ပိုမိုကြီးမားပြီး Resolution မြင့်မားတဲ့ Display ၊ ပါးလွှာတဲ့ဘေးဘောင်တွေအပြင် Battery Capacity ကိုပါ တိုးမြှင့်ထားမှာဖြစ်ပါတယ်။

Ref – GSM Arena