Google ကနေ Smartwatch တွေအတွက် OS တစ်ခုဖြစ်တဲ့ WearOS မှာ လက်ဆေးဖို့ကိုအချိန်သီးသန့်သတ်မှတ်ပေးနိုင်တဲ့ Feature ကို ထည့်သွင်းထားပါတယ်။ အခုလည်း Samsung ကနေ သူ့ရဲ့ Galaxy Smartwatch တွေအတွက် Hand Wash Timer App တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။

အဆိုပါ Hand Wash နာမည်ပေးထားတဲ့ App ကိုတော့ Bangalore မှာရှိတဲ့ Samsung Team ကနေ ထုတ်ပေးတာဖြစ်ပြီးတော့ အခုလိုမျိုး COVID-19 ဖြစ်ပွားနေတဲ့အချိန်မှာ လက်ဆေးခြင်းဖြင့် ရောဂါပိုးတွေ ကာကွယ်နိုင်အောင်ရည်ရွယ်တယ်လို့သိရပါတယ်။

အဆိုပါ App ဟာဆိုရင် တစ်နေ့ကို အနည်းဆုံး ဘယ်နှကြိမ်လက်ဆေးပါဆိုပြီး သတ်မှတ်ပေးနိုင်သလို လက်ဆေးမယ်ဆိုရင်လည်း ၂၅ စက္ကန့်အချိန်သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအချိန်က Google WearOS ရဲ့ စက္ကန့် ၄၀ ထက်တော့ နည်းတယ်ဆိုပေမယ့် WHO ရဲ့ သတ်မှတ်ချက် စက္ကန့် ၂၀ ထက်တော့များတဲ့အတွက် လက်ကိုဆပ်ပြာသုံးပြီး သေချာစွာဆေးနေသရွေ့လုံခြုံစေမှာဖြစ်ပါတယ်။

Samsung ရဲ့ အဆိုပါ Hand Wash App ကို India မှာ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် တခြားသော Galaxy Watch အသုံးပြုသူတွေအနေနဲ့ ရှာဖွေပြီး Install ပြုလုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Ref – 9to5Google