Samsung ကနေ နောက်နှစ်မှာ ခေါက်သိမ်းနိုင်ပြီး Screen ၂ ခုပါဝင်တဲ့ Samsung Galaxy X စမတ်ဖုန်းကို တရားဝင်ကြေငြာတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ အဆိုပါ Samsung Galaxy X စမတ်ဖုန်းက ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေပေါ်ထွက်လာပြီဖြစ်ပါတယ်။

အခုပုံတွေအရ Samsung ရဲ့ Galaxy X စမတ်ဖုန်းက တလောက ထွက်ရှိသွားတဲ့ ZTE Axon M စမတ်ဖုန်းပုံစံနဲ့တူညီနေပြီး Screen ၂ ခုကို ခေါက်ပြီး တစ်ဖက်စီ ဒါမှမဟုတ် ဖြန့်လိုက်ပြီး Display ၂ ခုအနေနဲ့ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Samsung က Galaxy X ဖုန်းမှာ ဂိမ်းကစားဖို့အတွက်လည်း Features တွေထည့်သွင်းထားပုံရပြီး Nintendo ဂိမ်းစက်တွေလိုပဲ Screen ၂ က အောက်ခြေက Control ခလုပ် ဒါမှမဟုတ် အပေါ်ဘက် Screen က Maps အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါက ဂိမ်းကစားတဲ့သူတွေအတွက်တော့ တော်တော်လေးကို ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ Samsung ကနေ Galaxy X စမတ်ဖုန်းမှာ ပါဝင်လာမယ့် Specifications တွေနဲ့ ထွက်ရှိလာမယ့်အချိန်ကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။