Samsung ဟာ ယခုနှစ်ဝက်နောက်ပိုင်းမှာ Foldable ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Z Flip4 နဲ့ Z Fold4 ဖုန်းတွေကို မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။ အဆိုပါ Samsung ရဲ့ Foldable ဖုန်းတွေဟာ နှစ်တိုင်းလိုလို အောင်မြင်မှုရရှိခဲ့တာကြောင့် ယခုနှစ်မှာလည်း အောင်မြင်လာဦးမယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။

အခုလည်း Samsung ရဲ့ Galaxy Z Flip4 နဲ့ Z Fold4 ဖုန်းတွေရဲ့ သတင်းအချို့က ပေါက်ကကြားလာခဲ့ပါပြီ။ ဒါကတော့ အခုမိတ်ဆက်လာမယ့် Samsung Foldable ဖုန်းတွေဟာ Charging ပိုင်းမှာ အဆင့်မြှင့်တင်လာဖို့မရှိဘဲ 25W Fast Charging ကိုပဲ သုံးလာဦးမှာဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ Chinese 3C Specification ကနေတစ်ဆင့်သိရှိခဲ့ရတာဖြစ်ပြီး Z Flip4 နဲ့ Z Fold4 တို့ရဲ့ Model Number တွေဖြစ်တဲ့ SM-F7210 နဲ့ SM-F9360 တွေကို တွေ့ရှိခဲ့ရသလို အဆိုပါ ဖုန်းတွေမှာအသုံးပြုလာမယ့် Charger ဖြစ်တဲ့ EP-TA800 ကိုပါ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ Samsung ဟာ တကမ္ဘာလုံးမှာ Charger တွေကို သီးသန့်ရောင်းချနေတာဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ Charger ထည့်သွင်းရောင်းချနေတာဖြစ်ပါတယ်။

Battery ပါဝင်မှုပိုင်းမှာတော့ Galaxy Z Fold4 စမတ်ဖုန်းမှာ မနှစ်ကလိုမျိုးပဲ 4400mAh Battery ပါဝင်မှာဖြစ်ပြီး Galaxy Z Flip4 မှာတော့ ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ 3400mAh Battery ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုလိုမျိုး Foldable Flagship ဖုန်းတွေမှာတောင် Fast Charging ပိုင်းမှာ ၂၀၁၉ ခုနှစ်တုန်းက စတင်အသုံးပြုခဲ့တဲ့ 25W Fast Charging ကိုပဲ ဆက်သုံးနေတာကတော့ အားနည်းချက်ဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena