Samsung ဟာ ဩဂုတ်လမှာ Galaxy Z Fold 4 နဲ့ Z Flip 4 ကို ကြေညာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ET News က ၂၀၂၃ ခုနှစ်မှာ ကြေညာမယ့် Galaxy Z Fold 5 နဲ့ Z Flip 5 ရဲ့ သတင်းတွေကို မျှဝေလာပြီး Chipset နဲ့ ကင်မရာ သတင်းအချက်အလက်တွေကို သိလာရပါပြီ။

samsung-logo

ET News က Galaxy Z Fold 5 နဲ့ Z Flip 5 မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမယ်လို့ ပြောပြီး အရင်သတင်းအရ SD8G2 Chip ကို ဒီနှစ် နိုဝင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Samsung Galaxy Z Fold 4, Z Flip 4 Renders Show Off Familiar Design | Beebom

Galaxy Z Fold 5 ရဲ့ အနောက်ဘက်မှာ 50MP ISOCELL GN3 အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 12MP ကင်မရာ ပါလာမှာပါ။ Z Flip 5 ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

ET News က Samsung ဟာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ Z Fold 5 နဲ့ Z Flip 5 အလုံးရေ ၁၀ သန်းကျော် ရောင်းချဖို့ ရည်မှန်းထားပါတယ်။ Z Flip 5 အလုံးရေ ၈ သန်းနဲ့ Z Fold 5 အလုံးရေ ၂ သန်း ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ Samsung ဟာ Galaxy Z Fold 4 နဲ့ Z Flip 4 အလုံးရေ ၁၅ သန်း ရောင်းချနိုင်မယ်လို့ တွက်ချက်ထားပါတယ်။

Samsung က နောက်ကျင်းပမယ့် Unpacked Event နေ့ရက်ကို မကြေညာသေးပေမယ့် မကြာခင်က ပေါက်ကြားသတင်းအရ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျင်းပမှာပါ။ အဲဒီပွဲမှာ Galaxy Z Fold 4, Z Flip 4,  Galaxy Watch 5 / Watch 5 Pro တို့ကို ကြေညာနိုင်ပြီး ဩဂုတ်လ ၂၆ ရက်နေ့မှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina