Samsung Galaxy Z Fold4 နဲ့ Z Flip4 မှာ Swipe လုပ်လိုက်တာနဲ့ Split-screen View ကို အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက် ရမယ်လို့ နာမည်ကြီး Tipster ၁ ယောက် ဖြစ်တဲ့ Ice Universe က သတင်းပေးလာပါတယ်။

လက်ရှိ Samsung စမတ်ဖုန်းတွေမှာ Split Screen ကို အသုံးပြုချင်ရင် Task Switcher View ကို ဖွင့်ရပြီး App Icon ကို နှိပ်ကာ Multi-window Option ကို ရွေးချယ်ပေးရပါတယ်။ Swipe လုပ်လိုက်တာနဲ့ Split Screen ကို အသုံးပြုနိုင်မယ်ဆိုရင် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Fold4: Premium foldable to launch alongside new Galaxy Buds as early renders surface - NotebookCheck.net News

Samsung ရဲ့ အရွယ်အစား ကြီးမားတဲ့ စမတ်ဖုန်းတွေမှာ Split Screen ကို မြန်မြန် ဆန်ဆန် အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက် ပါလာမှာက အရမ်းကို အသုံးဝင်ပါတယ်။ Samsung ဟာ Multitasking လုပ်ဆောင်ချက်တွေကို အမြဲတမ်း ဖန်တီးနေပါတယ်။ Galaxy ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ Edge Panel လုပ်ဆောင်ချက်က App ၂ ခုကို ကြိုတင် သတ်မှတ်ထားကာ Split Screen အနေနဲ့ အသုံးပြုလို့ရစေပါတယ်။ ဒါဟာ တော်တော် ကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ သတင်းအရ Samsung Galaxy Z Fold4 ကို ဩဂုတ်လ ၁၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena