ပြီးခဲ့တဲ့ရက်က “Unpacked” ပွဲမှာ Samsung ဟာ “Extended reality” (XR) devices တွေရဲ့ ဂေဟစနစ်သစ်အကြောင်း အရိပ်အမြွက်ပြသခဲ့ပါတယ်။ Google နဲ့ Qualcomm စမတ်မျက်မှန်တွေ၊ XR headsets တွေကို မိတ်ဆက်ပေးလိုတာလည်း ဖြစ်ပါတယ်။ ဒီ Device ဟာ Android custom version ပေါ်မှာ အလုပ်လုပ်ပါလိမ့်မယ်။

ကုမ္ပဏီသုံးခုဟာ “Next Generation Experiences” လို့ခေါ်တဲ့ XR ထုတ်ကုန်တွေအတွက် ပူးပေါင်းလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို Samsung ရဲ့ စက်ပစ္စည်းဌာနခွဲ အကြီးအကဲ TM Roh က ဆန်ဖရန်စစ္စကိုက Samsung Unpacked ပွဲမှာ ထုတ်ပြောခဲ့တာပါ။ “Mixed Reality” (MR) ကို XR နဲ့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ကုမ္ပဏီသုံးခုဟာ ဘယ်လိုကဏ္ဍတွေမှာ ပူးပေါင်းထားလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ Qualcomm ဟာ Chips တွေ၊ Google ကတော့ Software ပိုင်းနဲ့ Samsung ကတော့ Hardware ပိုင်းကို တာဝန်ယူကြမယ်လို့ ခန့်မှန်းရပါတယ်။ Qualcomm ဟာ Snapdragon XR စီးရီးတွေမှာ အားကောင်းတဲ့ Ultra-mobile ARM chip တွေ ပံ့ပိုးမယ်လို့ မျှော်လင့်ရပါတယ်။

Google ကတော့ Android Software ပိုင်းကို ထောက်ပံ့မှာ သေချာပါတယ်။ ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးတစ်ခုမှာ Google ဟာ “Lower” Android operating system အမျိုးအစား တစ်ခုကို လုပ်ဆောင်နေပြီလို့ TM Roh က ရှင်းလင်းခဲ့ပါတယ်။ ဒီစနစ်ဟာ “Wearable displays” လိုမျိုး အမျိုးအစားသစ် Devices တွေနဲ့ သင့်လျော်မယ်လို့လည်း သိရပါတယ်။

Google, Qualcomm နဲ့ Samsung တို့ဟာ VR ဒါမှမဟုတ် AR ထုတ်ကုန်တွေနဲ့ပတ်သက်ရင် အတွေ့အကြုံတချို့ ရှိကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီသုံးခုရဲ့ ပူးပေါင်းမှုနောက်မှာ ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref: Gizchina