Zawgyi
Samsung ဟာ Overall အနေနဲ့ မနှစ်ကနဲ့ယှဉ်ရင် ဝင်ငွေက ၅၅.၆ ရာခိုင်နှုန်းကျဆင်းခဲ့တာဖြစ်ပြီး၊ အမြတ်ငွေက ဒေါ်လာ ၅.၆ ဘီလီယံလောက်ပဲ ရရှိထားခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းက ဒုတိယ ၃ လပတ် ဝင်ငွေဟာ ဒေါ်လာ ၁၂.၅၈ ဘီလီယံရရှိခဲ့တဲ့အတွက် ထက်ဝက်ကျော်ကို ကျဆင်းသွားခဲ့တာပါ။
Samsung ကတော့ လာမယ့်နှစ်ကုန်ပိုင်းမှာ Samsung Galaxy Note 10 နဲ့ Galaxy Fold လိုမျိုး Innovative ဖြစ်တဲ့ Product တွေ ထွက်ရှိလာဦးမှာဖြစ်တဲ့အတွက် အခုထက်ပိုပြီး ရောင်းအားပိုကောင်းလာဖို့ကို မျှော်မှန်းထားတယ်လို့ သိရပါတယ်။
Ref – Android Authority
Unicode
Samsung က အခုအချိန်မှာ ဒီနှစ် ၂၀၁၉ ခုနှစ် ဒုတိယ ၃ လပတ်အတွက် ဝင်ငွေတွေကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ Samsung ကတော့ ဒုတိယ ၃ လပတ်ရောင်းအားတွေက Galaxy A Series စမတ်ဖုန်းတွေကြောင့် သိသိသာသာကို ရောင်းအားကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Samsung ဟာ Overall အနေနဲ့တော့ မနှစ်ကနဲ့ယှဉ်ရင် ဝင်ငွေက ၅၅.၆ ရာခိုင်နှုန်းကျဆင်းခဲ့တာဖြစ်ပြီးတော့ အမြတ်ငွေအနေနဲ့ ဒေါ်လာ ၅.၆ ဘီလီယံလောက်ပဲ ရရှိထားခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းက ဒုတိယ ၃ လပတ်တု်းက ဝင်ငွေအနေနဲ့ ဒေါ်လာ ၁၂.၅၈ ဘီလီယံရရှိခဲ့တဲ့အတွက် ထက်ဝက်ကျော်ကို ကျဆင်းသွားခဲ့တာပါ။
ဒါပေမယ့် Samsung ရဲ့ ပြောကြားချက်အရတော့ ဒီလိုမျိုး ရောင်းအားကျဆင်းမှုက စမတ်ဖုန်းတွေထက် Memory Chip တွေ ရောင်းချမှုမှာ အားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် Samsung ရဲ့ Memory Chip Business က ပုံမှန် Consumer Electronics Division ထက် ၂ ဆလောက်ပိုပြီး ဝင်ငွေရရှိနေကြဖြစ်တဲ့အတွက် ဒီနှစ်မှာ သိသိသာသာထိခိုက်သွားပုံပါပဲ။
နောက်ပြီးတော့ Galaxy A Series တွေက ရောင်းအားကောင်းခဲ့တယ်ဆိုပေမယ့်လည်း Flagship Model တွေက ထင်သလောက်ရောင်းအားမသွက်ခဲ့သလို Marketing အတွက် ပိုက်ဆံသုံးစွဲမှုကလည်း ယခင်ကထက် ပိုများခဲ့တဲ့အတွက် ဒီလိုမျိုး ရလဒ်ဖြစ်ခဲ့တယ်ဆိုပြီးလည်း ဝန်ခံသွားခဲ့ပါတယ်။ ပြီးတော့ ဒီ ဒုတိယ ၃ လပတ်မှာ ရောင်းချဖို့စီစဉ်ထားတဲ့ Galaxy Fold က Delay ဖြစ်သွားတာကိုလည်း ထောက်ပြသွားခဲ့ပါသေးတယ်။
Samsung ကတော့ လာမယ့်နှစ်ကုန်ပိုင်းမှာတော့ Samsung Galaxy Note 10 နဲ့ Galaxy Fold လိုမျိုး Innovative ဖြစ်တဲ့ Product တွေ ထွက်ရှိလာဦးမှာဖြစ်တဲ့အတွက် အခုထက်ပိုပြီး ရောင်းအားပိုကောင်းလာဖို့ကို မျှော်မှန်းထားတယ်လို့ သိရပါတယ်။
Ref – Android Authority