Zawgyi

ေတာင္ကိုရီးယားအေျခစိုက္ Samsung Electronics လုပ္ငန္းႀကီးရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ DJ Koh ဟာ ကိုရီးယားျပည္တြင္းမီဒီယာ Herald အား လက္ရွိျပႆနာၾကဳံေတြ႕ေနရတဲ့ Samsung Galaxy Fold နဲ႔ ပတ္သက္ၿပီး ေျဖၾကားခဲ့ပါတယ္။ သူ႕ရဲ႕ေျပာၾကားခ်က္အရ ကုမၸဏီဟာ ဟန္းဆက္ထဲကို ျပင္ပမွအရာဝတၳဳမ်ား ဝင္ေရာက္လာႏုိင္တဲ့ အခ်က္ကို ျပန္လည္သုံးသပ္ၿပီးၿပီျဖစ္ကာ မၾကာခင္မွာ အဆုံးသတ္အေျဖကို ထုတ္ႏုိင္လိမ့္မယ္လို႔ ဆုိပါတယ္။

“အရမ္းေနာက္က်မွာမဟုတ္ပါဘူး” လို႔ Koh ကဆုိပါတယ္။ သူ႕တုိ႔ရဲ႕ပထမဆုံး Foldable စမတ္ဖုန္းဟာ ႏုိင္ငံတကာျဖန္႔ခ်ိရက္ကို ေနာက္ဆုတ္လိုက္ၿပီး လြန္ခဲ့တဲ့ရက္အနည္းငယ္က ၾကိဳတင္မွာယူထားတဲ့သူေတြရဲ႕ အီးေမးလ္ဆီကို တကယ္လို႔ ေမလကုန္မွာ မတင္ပုိ႔ႏုိင္ခဲ့ရင္ အမွာစာကို အလိုအေလွ်ာက္ပယ္ဖ်က္ေပးမယ္ဆုိတဲ့ အသိေပးစာေတြ ပုိ႔ေပးခဲ့ပါတယ္။

ေတာင္ကိုရီးယားကုမၸဏီရဲ႕ စီအီးအုိဟာ Galaxy Fold ဖုန္းေတြကို ေမလကုန္မတုိင္ခင္ ေပးပို႔ႏုိင္မလား ဆုိတာကိုေတာ့ မေျပာသြားခဲ့ပါဘူး။ ဒါေၾကာင့္ ရက္အနည္းငယ္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ဟန္းဆက္ရဲ႕ၾကံ႕ခုိင္မႈကို တုိးျမွင့္ဖို႔ Samsung ကျပဳလုပ္ေနတဲ့ အေျပာင္းအလဲေတြကိုေတာ့ ေျပာျပသြားခဲ့ပါတယ္။ ဒီျပင္ဆင္မႈမွာ အဓိကအခ်က္ႏွစ္ခုရွိၿပီး Screen ႏွစ္ခုေနာက္ကြယ္က ပတၱာထဲမွတဆင့္ ဖုန္းထဲကို ျပင္ပအရာဝတၳဳေတြ ဝင္ေရာက္ႏုိင္တာရယ္၊ ဖုန္းမ်က္ႏွာျပင္ရဲ႕အေပၚဆုံး Protective အလႊာကို လူေတြက Screen Protector ထင္ၿပီး ခြာမိၾကတဲ့ ျပႆနာရယ္ပါပဲ။

Samsung ဟာ Screen ကုိခ်ိတ္ဆက္ထားတဲ့ ေနရာကို ပုိမုိၾကံ႕ခုိင္ေအာင္ လုပ္သြားမွာျဖစ္ၿပီး အေပၚဆုံး Protective Layer နဲ႔ ေဘာင္ၾကားမွာ ေနရာလြတ္မရွိေအာင္ ျပန္လည္ျပဳျပင္သြားမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် Samsung Electronics လုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိချုပ် DJ Koh ဟာ ကိုရီးယားပြည်တွင်းမီဒီယာ Herald အား လက်ရှိပြဿနာကြုံတွေ့နေရတဲ့ Samsung Galaxy Fold နဲ့ ပတ်သက်ပြီး ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ ကုမ္ပဏီဟာ ဟန်းဆက်ထဲကို ပြင်ပမှအရာဝတ္ထုများ ဝင်ရောက်လာနိုင်တဲ့ အချက်ကို ပြန်လည်သုံးသပ်ပြီးပြီဖြစ်ကာ မကြာခင်မှာ အဆုံးသတ်အဖြေကို ထုတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

“အရမ်းနောက်ကျမှာမဟုတ်ပါဘူး” လို့ Koh ကဆိုပါတယ်။ သူ့တို့ရဲ့ပထမဆုံး Foldable စမတ်ဖုန်းဟာ နိုင်ငံတကာဖြန့်ချိရက်ကို နောက်ဆုတ်လိုက်ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က ကြိုတင်မှာယူထားတဲ့သူတွေရဲ့ အီးမေးလ်ဆီကို တကယ်လို့ မေလကုန်မှာ မတင်ပို့နိုင်ခဲ့ရင် အမှာစာကို အလိုအလျှောက်ပယ်ဖျက်ပေးမယ်ဆိုတဲ့ အသိပေးစာတွေ ပို့ပေးခဲ့ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီရဲ့ စီအီးအိုဟာ Galaxy Fold ဖုန်းတွေကို မေလကုန်မတိုင်ခင် ပေးပို့နိုင်မလား ဆိုတာကိုတော့ မပြောသွားခဲ့ပါဘူး။ ဒါကြောင့် ရက်အနည်းငယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဟန်းဆက်ရဲ့ကြံ့ခိုင်မှုကို တိုးမြှင့်ဖို့ Samsung ကပြုလုပ်နေတဲ့ အပြောင်းအလဲတွေကိုတော့ ပြောပြသွားခဲ့ပါတယ်။ ဒီပြင်ဆင်မှုမှာ အဓိကအချက်နှစ်ခုရှိပြီး Screen နှစ်ခုနောက်ကွယ်က ပတ္တာထဲမှတဆင့် ဖုန်းထဲကို ပြင်ပအရာဝတ္ထုတွေ ဝင်ရောက်နိုင်တာရယ်၊ ဖုန်းမျက်နှာပြင်ရဲ့အပေါ်ဆုံး Protective အလွှာကို လူတွေက Screen Protector ထင်ပြီး ခွာမိကြတဲ့ ပြဿနာရယ်ပါပဲ။

Samsung ဟာ Screen ကိုချိတ်ဆက်ထားတဲ့ နေရာကို ပိုမိုကြံ့ခိုင်အောင် လုပ်သွားမှာဖြစ်ပြီး အပေါ်ဆုံး Protective Layer နဲ့ ဘောင်ကြားမှာ နေရာလွတ်မရှိအောင် ပြန်လည်ပြုပြင်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena