[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းက Samsung ရဲ႕ A-Series ေတြနဲ႔ပတ္သက္တဲ့ စိတ္ဝင္စားစရာ သတင္းတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။ Samsung ဟာ သူ႔ရဲ႕ ၂၀၁၉ ထုတ္ A-series ဖုန္းေတြမွာ In-display fingerprint reader ထည့္သြင္းဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းပါပဲ။ ဒီအတြက္ Supplier ျဖစ္တဲ့ Aegis Technology နဲ႔ သေဘာတူညီမႈ ရကာနီးၿပီလို႔ ဆိုပါတယ္။

Samsung ဟာ ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေၾကာင္းအတြက္ လိုက္ေလ်ာညီေထြရွိတဲ့ မဟာဗ်ဴဟာေတြကို ခ်မွတ္ဖို႔ ျပင္ဆင္ေနပုံရပါတယ္။ သူ႔ရဲ႕ Mid-range ဖုန္းေတြမွာ ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔ Features ေတြ ထည့္သြင္းလာဖို႔ဆိုတာ သိပ္မေဝးေတာ့ဘူးလို႔ ေျပာရမွာပါ။ ဒါမွပဲ ကုမၸဏီအေနနဲ႔ ေဈးသက္သာတဲ့ တ႐ုတ္ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္မယ့္ လမ္းေၾကာင္းေပၚကို ေရာက္လာမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ အတြင္းသတင္းရင္းျမစ္အခ်ိဳ႕ကေတာ့ Samsung အေနနဲ႔ အဆင့္ျမင့္နည္းပညာနဲ႔ Qualcomm ရဲ႕ Ultrasonic Under-display sensor ေတြကို A-Series ေတြမွာ အသုံးျပဳမွာမဟုတ္ဘဲ High-end ျဖစ္တဲ့ S10-Series ေတြမွာပဲ သုံးမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

ကုမၸဏီအေနနဲ႔ Ultrasonic အစား တိက်မႈနဲ႔ အမွားအယြင္းကင္းမႈမွာ အနည္းငယ္ အားနည္းခ်က္ရွိတဲ့ အျခားတစ္မ်ိဳးမ်ိဳးကို သုံးခ်င္ေနတာလည္း ျဖစ္ပါတယ္။ အဓိက အေၾကာင္းအရင္းကေတာ့ ေဈးႏႈန္းေၾကာင့္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ ဒါေၾကာင့္ တ႐ုတ္ရဲ႕ Aegis Technology ကုမၸဏီအေနနဲ႔ Samsung ရဲ႕ အမွာစာေတြကို သတိထား ၾကည့္ေနရဖြယ္လည္း ရွိလာပါၿပီ။

အခုအခ်ိန္ထိေတာ့ Samsung က ဘယ္ Mid-range ဖုန္းေတြမွာ In-display fingerprint reader ထည့္သြင္းလာမလဲဆိုတာအတြက္ တိက်ခိုင္လုံတဲ့ အေထာက္အထား ရွာမေတြ႕ေသးပါဘူး။ ဒါေပမယ့္ လုပ္႐ိုးလုပ္စဥ္ကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ A-Series ေတြက S-Family ေတြထက္ ေစာေစာထြက္လာေလ့ရွိတာကို ေတြ႕ရပါတယ္။

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့ ရက်ပိုင်းက Samsung ရဲ့ A-Series တွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ Samsung ဟာ သူ့ရဲ့ ၂၀၁၉ ထုတ် A-series ဖုန်းတွေမှာ In-display fingerprint reader ထည့်သွင်းဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီအတွက် Supplier ဖြစ်တဲ့ Aegis Technology နဲ့ သဘောတူညီမှု ရကာနီးပြီလို့ ဆိုပါတယ်။

Samsung ဟာ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအတွက် လိုက်လျောညီထွေရှိတဲ့ မဟာဗျူဟာတွေကို ချမှတ်ဖို့ ပြင်ဆင်နေပုံရပါတယ်။ သူ့ရဲ့ Mid-range ဖုန်းတွေမှာ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ Features တွေ ထည့်သွင်းလာဖို့ဆိုတာ သိပ်မဝေးတော့ဘူးလို့ ပြောရမှာပါ။ ဒါမှပဲ ကုမ္ပဏီအနေနဲ့ ဈေးသက်သာတဲ့ တရုတ်ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အတွင်းသတင်းရင်းမြစ်အချို့ကတော့ Samsung အနေနဲ့ အဆင့်မြင့်နည်းပညာနဲ့ Qualcomm ရဲ့ Ultrasonic Under-display sensor တွေကို A-Series တွေမှာ အသုံးပြုမှာမဟုတ်ဘဲ High-end ဖြစ်တဲ့ S10-Series တွေမှာပဲ သုံးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ကုမ္ပဏီအနေနဲ့ Ultrasonic အစား တိကျမှုနဲ့ အမှားအယွင်းကင်းမှုမှာ အနည်းငယ် အားနည်းချက်ရှိတဲ့ အခြားတစ်မျိုးမျိုးကို သုံးချင်နေတာလည်း ဖြစ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ ဈေးနှုန်းကြောင့်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် တရုတ်ရဲ့ Aegis Technology ကုမ္ပဏီအနေနဲ့ Samsung ရဲ့ အမှာစာတွေကို သတိထား ကြည့်နေရဖွယ်လည်း ရှိလာပါပြီ။

အခုအချိန်ထိတော့ Samsung က ဘယ် Mid-range ဖုန်းတွေမှာ In-display fingerprint reader ထည့်သွင်းလာမလဲဆိုတာအတွက် တိကျခိုင်လုံတဲ့ အထောက်အထား ရှာမတွေ့သေးပါဘူး။ ဒါပေမယ့် လုပ်ရိုးလုပ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ A-Series တွေက S-Family တွေထက် စောစောထွက်လာလေ့ရှိတာကို တွေ့ရပါတယ်။

Ref: GSMarena