Samsung စမတ်ဖုန်းတွေမှာ Default ပါဝင်တဲ့ Samsung Internet Web Browser ဟာ Feature ပိုင်းစုံလင်သလို Samsung Account နဲ့လည်း Sync ပြုလုပ်ထားနိုင်တာကြောင့် တခြား Mobile Web Browser တွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်တဲ့ Web Browser တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် Samsung Internet လိုမျိုး ဖုန်းတွေမှာ Default ပါဝင်တဲ့ Browser တွေရဲ့ အားနည်းချက်တစ်ခုက Windows သို့မဟုတ် macOS ကွန်ပျူတာတွေမှာ အသုံးပြုမယ်ဆိုရင် Google Chrome လိုမျိုး Google Account Sync ပါဝင်ပြီး Device တိုင်းမှာ အသုံးပြုနိုင်တဲ့ Web Browser တွေက ပိုပိုအားသာနေပါသေးတယ်။ ဒါကို အခုအချိန်မှာတော့ Samsung က ပြောင်းလဲလိုက်ပြီလို့ ဆိုရမှာပါ။


ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ Samsung Internet Web Browser ကို Microsoft Store ကနေတစ်ဆင့် Windows App အနေနဲ့ Windows PC တွေမှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် Samsung ဖုန်းက Tabs တွေ၊ Bookmark နဲ့ Saved Page တွေအကုန်လုံးနီးပါးကို အသုံးပြုနိုင်မှာဖြစ်ပြီး လောလောဆယ်မှာ Password တွေကို Sync ပြုလုပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အခု Windows PC အတွက် Samsung Internet Browser ဟာ Chromium-based Browser တစ်ခုဖြစ်တာကြောင့် Chrome Extension တွေကို အသုံးပြုနိုင်သလို Light Mode ၊ Dark Mode တွေကိုပါ ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုဖို့အတွက် အနိမ့်ဆုံး Windows 10 ကိုအသုံးပြုနေဖို့တော့ လိုအပ်ပါတယ်။

Ref – GSM Arena