Samsung ဟာ ၂၀၂၅ ခုနှစ်မှာ ၃ ခေါက်ချိုးဖုန်းကို ရောင်းချနိုင်တယ်လို့ တောင်ကိုရီးယားကနေ သတင်းထွက်လာပါတယ်။ Samsung ဟာ အဲဒီနည်းပညာအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး Supply Chain က အဲဒီ ဖုန်းအတွက် ပြင်ဆင်ထားပြီးပါပြီ။ Samsung ရဲ့ Foldable ဖုန်းတွေ ထုတ်လုပ်တဲ့ MX (Mobile eXperience) ဌာန ကနေ အဲဒီ ၃ ခေါက်ချိုးဖုန်းကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Samsung Tri-Fold Rumors, Leaks, Renders, Launch, Availability

Galaxy Z Fold6 နဲ့ Galaxy Z Flip6 တို့ဟာ ထင်ထားသလောက် ရောင်းအား မကောင်းတဲ့အတွက် Foldable OLED Panel အော်ဒါတွေဟာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

Samsung's tri-fold phone may arrive next year as a game-changer - Tech

Samsung Display ရဲ့ ၂၀၂၄ ခုနှစ်မှာ Foldable OLED Panel ရောင်းအားဟာ ၁၂ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က သန်း ၂၀ ထက် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အဲဒီ Display တွေဟာ Galaxy ထုတ်ကုန်တွေအတွက် ပါဝင်သလို Xiaomi , vivo နဲ့ OPPO တို့လို ကုမ္ပဏီတွေက ဝယ်ယူတာတွေလည်း ပါပါတယ်။

Galaxy Z Fold6 နဲ့ Galaxy Z Flip6 တို့ဟာ ၈ သန်းဝန်းကျင် ရောင်းချထားပြီး မျှော်မှန်းထားတဲ့ ၁၀ သန်းထက် ကျဆင်းခဲ့ပါတယ်။ အဲဒီအတွက် Samsung ဟာ လူတိုင်း သုံးနိုင်တဲ့ ဈေးချိုတဲ့ Galaxy Flip စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena