[Zawgyi]

မၾကာေသးခင္က Samsung ဟာတရုတ္ႏိုင္ငံကစမတ္ဖုန္းထုတ္လုပ္တဲ့ ျပိဳင္ဘက္ေတြကိုယွဥ္ျပိဳင္ဖုိ႔အတြက္ သူတို႔ရဲ႕ Midrange စမတ္ဖုန္းေတြမွာပိုမိုေကာင္းမြန္တဲ့ Premium Featureေတြထည့္သြင္းေပးသြားဖို႔ ရွိေနတယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။ ယခုလို Midrange ဖုန္းေတြမွာ ၾကိဳးမဲ့အားသြင္းစနစ္ကိုထည့္သြင္းဖို႔ ရည္ရြယ္လာတာဟာလည္းအဲ့ဒီအစီအစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္မယ္လို႔ ခန္႔မွန္းရပါတယ္။

ေတာင္ကိုရီးယားကလာတဲ့ သတင္းတစ္ရပ္အရ Samsung ဟာေစ်းခ်ိဳတဲ့ 9W Wireless Charger ကိုဒီလထဲမွာမိတ္ဆက္သြားဖို႔ရွိျပီးေစ်းႏႈန္းအေနနဲ႔ ကိုရီးယားဝမ္ (၂) ေသာင္း(၁၅ ယူရို)ေလာက္ရွိမယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ႕ အနိမ့္ဆံုးလို႔ဆိုရမယ့္ Wireless Charging Pad P3100TBEGWW ေတာင္မွ ကိုရီးယားဝမ္(၅)ေသာင္း ( ယူရို ၄၀)ေလာက္ တန္ေၾကးရွိပါတယ္။

ဒါဟာဘာကိုသိသာေစလဲဆိုရင္ Samsung ဟာ ၾကိဳးမဲ့အားသြင္းစနစ္ကိုသူ႔ရဲ႕ အျမင့္ဆံုးဖုန္းေတြျဖစ္တဲ့ Galaxy S Series နဲ႔ Note Seriesေတြကေန Galaxy A Series နဲ႔ J Seriesေတြဆီကိုပါ ထည့္သြင္းခ်င္ေနတဲ့ ရည္ရြယ္ခ်က္ကိုေတြ႔ရမွာျဖစ္ပါတယ္

Samsungရဲ႕ ျပိဳင္ဘက္ေတြျဖစ္တဲ့ OPPO, Vivo, Huawei နဲ႔ Xiaomi တို႔ရဲ႕ ဖုန္းေတြမွာလည္း ၾကိဳးမဲ့အားသြင္းစနစ္ေတြပါဝင္ေပမယ့္ Midrange ဖုန္းေတြမွာေတာ့ မဟုတ္ေသးပါဘူး။ဒါေၾကာင့္ Samsung ဟာ Midrange စမတ္ဖုန္းေတြမွာပထမဆံုး ၾကိဳးမဲ့အားသြင္းစနစ္ကိုထည့္သြင္းလာသူျဖစ္လာမလားဆိုေတာ့ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ရဦးမွာပဲျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

မကြာသေးခင်က Samsung ဟာတရုတ်နိုင်ငံကစမတ်ဖုန်းထုတ်လုပ်တဲ့ ပြိုင်ဘက်တွေကိုယှဉ်ပြိုင်ဖို့အတွက် သူတို့ရဲ့ Midrange စမတ်ဖုန်းတွေမှာပိုမိုကောင်းမွန်တဲ့ Premium Feature တွေထည့်သွင်းပေးသွားဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ယခုလို Midrangeဖုန်းတွေမှာ ကြိုးမဲ့အားသွင်းစနစ်ကိုထည့်သွင်းဖို့ ရည်ရွယ်လာတာဟာလည်းအဲ့ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

တောင်ကိုရီးယားကလာတဲ့ သတင်းတစ်ရပ်အရSamsungဟာဈေးချိုတဲ့ 9W wireless chargerကိုဒီလထဲမှာမိတ်ဆက်သွားဖို့ရှိပြီးဈေးနှုန်းအနေနဲ့ ကိုရီးယားဝမ် (၂) သောင်း(၁၅ ယူရို)လောက်ရှိမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနိမ့်ဆုံးလို့ဆိုရမယ့် Wireless Charging Pad P3100TBEGWW တောင်မှ ကိုရီးယားဝမ်(၅)သောင်း ( ယူရို ၄၀)လောက် တန်ကြေးရှိပါတယ်။

ဒါဟာဘာကိုသိသာစေလဲဆိုရင် Samsungဟာ ကြိုးမဲ့အားသွင်းစနစ်ကိုသူ့ရဲ့ အမြင့်ဆုံးဖုန်းတွေဖြစ်တဲ့ Galaxy S series နဲ့ Note Seriesတွေကနေ Galaxy A Series နဲ့ J Series တွေဆီကိုပါ ထည့်သွင်းချင်နေတဲ့ ရည်ရွယ်ချက်ကိုတွေ့ရမှာဖြစ်ပါတယ်

Samsungရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ OPPO, Vivo, Huawei နဲ့ Xiaomiတို့ရဲ့ ဖုန်းတွေမှာလည်း ကြိုးမဲ့အားသွင်းစနစ်တွေပါဝင်ပေမယ့် Midrangeဖုန်းတွေမှာတော့ မဟုတ်သေးပါဘူး။ဒါကြောင့် Samsungဟာ Midrange စမတ်ဖုန်းတွေမှာပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ကိုထည့်သွင်းလာသူဖြစ်လာမလားဆိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Ref : gsmarena