Samsung က အစောဆုံး အနေနဲ့ နောက်နှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး ၃ ခေါက်ချိုးစမတ်ဖုန်းကို ရောင်းချနိုင်ပြီး ခေါက်ချိုးနိုင်တဲ့ ဘက်ထရီ နည်းပညာ ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

After Huawei, Samsung is reportedly working on a Tri Foldable phone: Here's when it can launch

Patent အသစ် တစ်ခု အရ Samsung ရဲ့ ထူးခြားဆန်းသစ်တဲ့ ဘက်ထရီ ဒီဇိုင်းကို တွေ့မြင်ရပြီး ဘက်ထရီဟာ စမတ်ဖုန်းရဲ့ Screen နဲ့အတူ ခေါက်ချိုးနိုင်ပါတယ်။ အဲဒီအတွက် ဘက်ထရီကို ဖုန်းထဲမှာ နေရာချရတာ လွယ်ကူစေပြီး ကြိုက်တဲ့ Angles နဲ့ ခေါက်ချိုးနိုင်ပါတယ်။

Samsung might launch its first triple foldable smartphone in 2025 - India Today

အဲဒီ ဘက်ထရီ နည်းပညာကို Samsung က ၃ ခေါက်ချိုး စမတ်ဖုန်းမှာ တင်မကဘဲ နောက်မျိုးဆက် Galaxy Z Fold နဲ့ Galaxy Z Flip မော်ဒယ်တွေမှာပါ ထည့်သွင်းထားနိုင်ပါတယ်။ ဒီနည်းပညာက ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးပြီး ဖုန်းထဲမှာ နေရာ ပိုရလာစေပါတယ်။

Foldable စမတ်ဖုန်း လောကမှာ Samsung နဲ့ Huawei တို့ဟာ ဦးဆောင်ခဲ့ကြပြီး နောက်ပိုင်းမှာ တခြား ကုမ္ပဏီတွေကလည်း Foldable ဖုန်းတွေ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာကြပါတယ်။ Huawei က ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချထားပြီး အခုတော့ Samsung ကပါ အားကျမခံ ရောင်းချတော့မှာ ဖြစ်ပါတယ်။

Ref: Technology Innovation