Zawgyi

ယေန႔ေခတ္ နည္းပညာေလာကမွာ စမတ္ဖုန္း ကုမၸဏီႀကီးေတြရဲ႕ ၿပိဳင္ဆိုင္မႈေတြက တေန႔ထက္ တေန႔ ျပင္းထန္လို႔လာပါတယ္။ Display ဒီဇိုင္းအပိုင္းမွာ Full-view, Infinity Display နဲ႔ Bezel-less ၊ Security အပိုင္းမွာ Facial Recognition , Iris Scanner နဲ႔ Under-display Fingerprint ၊ Camera ပိုင္းဆိုင္ရာမွာ Portrait Mode (Bokeh Effect) ၊ Artificial Intelligence (AI) အပိုင္းမွာ Google Assistant, Siri နဲ႔ Bixby စတဲ့ နည္းပညာေတြနဲ႔ စမတ္ဖုန္းေစ်းကြက္ကို ႀကီးစိုးေနၾကပါတယ္။

စမတ္ဖုန္း ကုမၸဏီႀကီးေတြထဲက တစ္ခုျဖစ္တဲ့ Samsung အေနနဲ႔ သူတို႔ရဲ႕ စမတ္ဖုန္း ေစ်းကြက္ကို ISOCELL Dual Software နည္းပညာနဲ႔အတူ ၿပိဳင္ဘက္ကုမၸဏီေတြထက္ အသာရေအာင္ ႀကိဳးစားေနပုံ ေပၚပါတယ္။ Samsung ရဲ႕ ISOCELL Dual Image Sensors ေတြအတြက္ Software Solution အသစ္က Bokeh Effect နဲ႔ Low-light Shooting တို႔ကို Mid-range ဖုန္းေတြအျပင္ တန္ဖိုးနည္း ဖုန္းေတြမွာပါ ေထာက္ပံ့ေပးႏိုင္မွာ ျဖစ္တယ္လို႔ Samsung Newsroom မွာ တရားဝင္ ေၾကျငာခဲ့ပါတယ္။ ဒီနည္းပညာက မၾကာေသးမီက မိတ္ဆက္ခဲ့တဲ့ Samsung ရဲ႕ ISOCELL Dual Image Sensor ကို Software ပိုင္း အထူးလုပ္ေဆာင္ခ်က္ေတြနဲ႔ ေပါင္းစပ္ၿပီး ဖန္တီးထားျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ခံ Background ေတြကို ေဝဝါးသြားေအာင္ ႐ိုက္ကူးေပးႏိုင္တဲ့ Portrait Mode နဲ႔ ညဘက္အလင္းေရာင္ နည္းတဲ့အခ်ိန္မွာေတာင္ အရည္အေသြးေကာင္းတဲ့ ဓာတ္ပုံေတြ႐ိုက္ကူးႏိုင္မယ့္ Low-light Shooting တို႔လို နည္းပညာမ်ိဴးက Samsung Galaxy Note 8 နဲ႔ Note 9 တို႔လိုမ်ိဴး Flagship Smartphone ေတြမွာသာ ျမင္ေတြ႕ရေသးတာ ျဖစ္ပါတယ္။ ဒီနည္းပညာ အသစ္ကို Samsung ရဲ႕ တန္ဖိုးနည္း ဖုန္းေတြမွာသာမက တျခား စမတ္ဖုန္း ကုမၸဏီေတြလဲ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Samsung အေနနဲ႔ ISOCELL Dual Image Sensor ေတြကို အေျမာက္အမ်ား ထုတ္လုပ္ၿပီးတဲ့ ေနာက္မွာေတာ့ Portrait Mode နဲ႔ Low-light Shooting ေတြပါဝင္မယ့္ တန္ဖိုးနည္း စမတ္ဖုန္းေတြကို တျခား စမတ္ဖုန္း ကုမၸဏီေတြလဲ ထုတ္လုပ္လာႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ Samsung ရဲ႕ Image Sensors ေတြက Portrait Mode အတြက္ 13 Megapixels နဲ႔ 5 Megapixels Sensor တို႔ကို အသုံးျပဳမွာ ျဖစ္ၿပီး Low-light Shooting အတြက္ 8 Megapixels Sensors ၂ခု ပါဝင္မယ္လို႔ သိရပါတယ္။

Ref:theverge

Unicode

Samsung ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ Dual Camera Features တွေ ပါဝင်လာတော့မည်

ယနေ့ခေတ် နည်းပညာလောကမှာ စမတ်ဖုန်း ကုမ္ပဏီကြီးတွေရဲ့ ပြိုင်ဆိုင်မှုတွေက တနေ့ထက် တနေ့ ပြင်းထန်လို့လာပါတယ်။ Display ဒီဇိုင်းအပိုင်းမှာ Full-view, Infinity Display နဲ့ Bezel-less ၊ Security အပိုင်းမှာ Facial Recognition , Iris Scanner နဲ့ Under-display Fingerprint ၊ Camera ပိုင်းဆိုင်ရာမှာ Portrait Mode (Bokeh Effect) ၊ Artificial Intelligence (AI) အပိုင်းမှာ Google Assistant, Siri နဲ့ Bixby စတဲ့ နည်းပညာတွေနဲ့ စမတ်ဖုန်းစျေးကွက်ကို ကြီးစိုးနေကြပါတယ်။

စမတ်ဖုန်း ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Samsung အနေနဲ့ သူတို့ရဲ့ စမတ်ဖုန်း စျေးကွက်ကို ISOCELL Dual Software နည်းပညာနဲ့အတူ ပြိုင်ဘက်ကုမ္ပဏီတွေထက် အသာရအောင် ကြိုးစားနေပုံ ပေါ်ပါတယ်။ Samsung ရဲ့ ISOCELL Dual Image Sensors တွေအတွက် Software Solution အသစ်က Bokeh Effect နဲ့ Low-light Shooting တို့ကို Mid-range ဖုန်းတွေအပြင် တန်ဖိုးနည်း ဖုန်းတွေမှာပါ ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ Samsung Newsroom မှာ တရားဝင် ကြေငြာခဲ့ပါတယ်။ ဒီနည်းပညာက မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ ISOCELL Dual Image Sensor ကို Software ပိုင်း အထူးလုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နောက်ခံ Background တွေကို ဝေဝါးသွားအောင် ရိုက်ကူးပေးနိုင်တဲ့ Portrait Mode နဲ့ ညဘက်အလင်းရောင် နည်းတဲ့အချိန်မှာတောင် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်မယ့် Low-light Shooting တို့လို နည်းပညာမျိူးက Samsung Galaxy Note 8 နဲ့ Note 9 တို့လိုမျိူး Flagship Smartphone တွေမှာသာ မြင်တွေ့ရသေးတာ ဖြစ်ပါတယ်။ ဒီနည်းပညာ အသစ်ကို Samsung ရဲ့ တန်ဖိုးနည်း ဖုန်းတွေမှာသာမက တခြား စမတ်ဖုန်း ကုမ္ပဏီတွေလဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Samsung အနေနဲ့ ISOCELL Dual Image Sensor တွေကို အမြောက်အများ ထုတ်လုပ်ပြီးတဲ့ နောက်မှာတော့ Portrait Mode နဲ့ Low-light Shooting တွေပါဝင်မယ့် တန်ဖိုးနည်း စမတ်ဖုန်းတွေကို တခြား စမတ်ဖုန်း ကုမ္ပဏီတွေလဲ ထုတ်လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။ Samsung ရဲ့ Image Sensors တွေက Portrait Mode အတွက် 13 Megapixels နဲ့ 5 Megapixels Sensor တို့ကို အသုံးပြုမှာ ဖြစ်ပြီး Low-light Shooting အတွက် 8 Megapixels Sensors ၂ခု ပါဝင်မယ်လို့ သိရပါတယ်။