Samsung ကနေ ဈေးနှုန်းသက်သာတဲ့ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy J2 (2018) စမတ်ဖုန်းကို ထုတ်လုပ်မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပေမယ့် အခုအချိန်အထိတော့ တရားဝင်ကြေငြာခြင်းမရှိသေးပါဘူး။

ဒါပေမယ့် Samsung ဟာ သူရဲ့ Website မှာတော့ မှားယွင်းပြီး Samsung Galaxy J2 (2018) စမတ်ဖုန်းအကြောင်းကို အသေးစိတ်တင်ထားခဲ့သလို ဖုန်းပုံစံနဲ့ အရောင်တွေကိုပါ အသေးစိတ်တင်ထားခဲ့တာဖြစ်ပါတယ်။

အခု Samsung Galaxy J2 (2018) စမတ်ဖုန်းကို အရောင်အနေနဲ့ အနက်ရောင် နဲ့ ရွှေရောင်ဆိုပြီး ထုတ်လုပ်မှာဖြစ်ပြီးတော့ အခြားအရောင်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Samsung ရဲ့ တရားဝင်ထုတ်လုပ်ပေးထားတဲ့ Cover တွေကိုပဲအသုံးပြုရမှာပါ။

Samsung Galaxy J2 (2018) စမတ်ဖုန်းမှာ 5″ Super AMOLED Display ပါဝင်မှာဖြစ်ပြီးတော့ Qualcomm Snapdragon 425 CPU ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။ Android Version 7.1 Nougat ကို အသုံးပြုထားတယ်လို့လည်း သိရှိရပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၃၀ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။