Samsung ဟာ အိန္ဒိယဈေးကွက်မှာ Galaxy Watch Active 2 4G ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ တကယ်တော့ Galaxy Watch Active 2 4G ကို လွန်ခဲ့တဲ့ ၇လ ကတည်းက မိတ်ဆက်ပြီးသားပါ။အခုဖြန့်ချိတဲ့ Galaxy Watch ဟာ အိန္ဒိယနိုင်ငံတွင်းမှာပဲ ထုတ်လုပ်ထားတာဖြစ်တဲ့ Made in India ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့မှာ Aluminum Galaxy Watch Active 2 4G ကို ဖြန့်ချိပြီးတဲ့နောက် အိန္ဒိယကစက်ရုံဟာ Samsung ရဲ့ ဘယ်ထုတ်ကုန်တွေကို ဆက်ပြီး ထုတ်လုပ်ပေးဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီစမတ်နာရီကတော့ တောင်ကိုရီးယားကုမ္ပဏီကြီးရဲ့ အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုခြေလှမ်းတွေကို ဖော်ပြနေတဲ့ ပြယုဂ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

Galaxy Watch Active 2 4G ဟာ eSIM ထောက်ပံ့မှုရှိသလို ဒေသတွင်း ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ Airtel နဲ့ Ji တို့ရဲ့ ထောက်ပံ့မှုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ LTE အမျိုးအစားဟာ 44mm မှာပဲ ရရှိနိုင်တာဖြစ်ပါတယ်။ အရောင်တွေကတော့ Cloud Silver, Aqua Black နဲ့ Pink Gold color တွေဖြစ်တယ်လို့ သိရပါတယ်။

Made in India Galaxy Watch Active 2 4G ကို Samsung ရဲ့ retail network, Samsung Opera House, Samsung.com နဲ့ အခြား အွန်လိုင်းလက်လီအရောင်းဆိုင်တွေဆီမှာ INR 28,490 (မြန်မာငွေ ၅ သိန်း ၂ သောင်းဝန်းကျင်) နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: Gizmochina