[Zawgyi]

Samsung ဟာ Galaxy Fold ကို ျပင္ဆင္မြမ္းမံမႈေတြလုပ္ၿပီးတဲ့ေနာက္ စက္တင္ဘာလကုန္ပိုင္းက ႏိုင္ငံတကာေဈးကြက္ထဲျဖန႔္ခဲ့ေပမယ့္ လိုအပ္ခ်က္ေတြက ရွိေနဆဲပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ပထမတစ္ႀကိမ္ ျဖစ္ေပၚခဲ့တဲ့ မ်က္ႏွာျပင္ျပႆနာက ပုံစံတစ္မ်ိဳးနဲ႔ ဆက္လက္ျဖစ္ေပၚေနတာပါ။

ႀကိမ္ေရ ၂သိန္းအထိ ေခါက္လိုက္ျဖန႔္လိုက္ လုပ္ႏိုင္တယ္လို႔ Samsung က အာမခံခဲ့ေပမယ့္လည္း CNet ရဲ႕ စမ္းသပ္မႈမွာ ႀကိမ္ေရ တစ္သိန္း ႏွစ္ေသာင္းေက်ာ္မွာတင္ Galaxy Fold ရဲ႕ မ်က္ႏွာျပင္က ပ်က္စီးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ TechCrunch က Review လုပ္တဲ့ Galaxy Fold ကလည္း တစ္ရက္တာသုံးၿပီးတဲ့ေနာက္ အလယ္ေခါက္ခ်ိဳးလိုင္းမွာ ကြဲအက္မႈ ျဖစ္ေပၚခဲ့ပါေသးတယ္။

အခုလည္း Kurby’S အမည္နဲ႔ တြစ္တာသုံးစြဲသူတစ္ေယာက္က သူ႔ရဲ႕ Galaxy Fold ဟာ စာလုံးေတြကြာထြက္ကုန္ေၾကာင္း ေရးသားမွ်ေဝခဲ့ပါတယ္။ Galaxy Fold ရဲ႕ ေက်ာဘက္ပတၱာေပၚမွာရွိေနတဲ့ Samsung အမွတ္တံဆိပ္စာသားအခ်ိဳ႕ဟာ ကြာထြက္ကုန္တာပါ။ ပုံအရ “A” အကၡရာနဲ႔ “U” အကၡရာတို႔က ကြာထြက္ေနပါၿပီ။ က်န္တဲ့ အကၡရာေတြလည္း ကြာထြက္ကုန္မယ့္ အေနအထားပါ။

သုံးဖက္ျမင္ေဖာင္းႂကြပုံစံ ျပဳလုပ္ထားတဲ့စာလုံးေတြ ကြာက်ကုန္တာက Galaxy Fold ရဲ႕ လုပ္ေဆာင္မႈေတြ၊ စက္ပိုင္းဆိုင္ရာေတြမွာ ထိခိုက္မႈ မရွိေပမယ့္လည္း ေပးရတဲ့တန္ေၾကးနဲ႔ ျပန္ရတဲ့ ႀကံ့ခိုင္မႈ ညီမွ်ရဲ႕လားလို႔ ေမးခြန္းထုတ္ခ်င္စရာလည္း ျဖစ္ေနပါတယ္။ ဘာပဲျဖစ္ျဖစ္ Galaxy Fold အတြက္ ေနာက္ထပ္ ရွက္စရာ ကိစၥတစ္ခုဆိုတာကေတာ့ ျငင္းလို႔မရႏိုင္ပါဘူး။

Ref: GSM Arena

[Unicode]

လိုဂိုစာလုံး ကွာထွက်သွားလို့ ဝေဖန်ခံရပြန်တဲ့ Galaxy Fold

Samsung ဟာ Galaxy Fold ကို ပြင်ဆင်မွမ်းမံမှုတွေလုပ်ပြီးတဲ့နောက် စက်တင်ဘာလကုန်ပိုင်းက နိုင်ငံတကာဈေးကွက်ထဲဖြန့်ခဲ့ပေမယ့် လိုအပ်ချက်တွေက ရှိနေဆဲပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပထမတစ်ကြိမ် ဖြစ်ပေါ်ခဲ့တဲ့ မျက်နှာပြင်ပြဿနာက ပုံစံတစ်မျိုးနဲ့ ဆက်လက်ဖြစ်ပေါ်နေတာပါ။

ကြိမ်ရေ ၂သိန်းအထိ ခေါက်လိုက်ဖြန့်လိုက် လုပ်နိုင်တယ်လို့ Samsung က အာမခံခဲ့ပေမယ့်လည်း CNet ရဲ့ စမ်းသပ်မှုမှာ ကြိမ်ရေ တစ်သိန်း နှစ်သောင်းကျော်မှာတင် Galaxy Fold ရဲ့ မျက်နှာပြင်က ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ TechCrunch က Review လုပ်တဲ့ Galaxy Fold ကလည်း တစ်ရက်တာသုံးပြီးတဲ့နောက် အလယ်ခေါက်ချိုးလိုင်းမှာ ကွဲအက်မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အခုလည်း Kurby’S အမည်နဲ့ တွစ်တာသုံးစွဲသူတစ်ယောက်က သူ့ရဲ့ Galaxy Fold ဟာ စာလုံးတွေကွာထွက်ကုန်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ Galaxy Fold ရဲ့ ကျောဘက်ပတ္တာပေါ်မှာရှိနေတဲ့ Samsung အမှတ်တံဆိပ်စာသားအချို့ဟာ ကွာထွက်ကုန်တာပါ။ ပုံအရ “A” အက္ခရာနဲ့ “U” အက္ခရာတို့က ကွာထွက်နေပါပြီ။ ကျန်တဲ့ အက္ခရာတွေလည်း ကွာထွက်ကုန်မယ့် အနေအထားပါ။

သုံးဖက်မြင်ဖောင်းကြွပုံစံ ပြုလုပ်ထားတဲ့စာလုံးတွေ ကွာကျကုန်တာက Galaxy Fold ရဲ့ လုပ်ဆောင်မှုတွေ၊ စက်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှု မရှိပေမယ့်လည်း ပေးရတဲ့တန်ကြေးနဲ့ ပြန်ရတဲ့ ကြံ့ခိုင်မှု ညီမျှရဲ့လားလို့ မေးခွန်းထုတ်ချင်စရာလည်း ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy Fold အတွက် နောက်ထပ် ရှက်စရာ ကိစ္စတစ်ခုဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။

Ref: GSM Arena