Austin, Texas ဟာ Samsung ရဲ့ အဆင့်မြင့် Chip ထုတ်လုပ်ရေးစက်ရုံတွေထဲက တစ်ခုဖြစ်နေပါပြီ။  တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ Taylor မှာ ဒေါ်လာ ၁၇ ဘီလီယံရင်းနှီးမြှုပ်နှံမှုနဲ့အတူ နောက်ထပ် စက်ရုံသစ်တစ်ခု တည်ဆောက်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

Samsung ဟာ Austin ပြည်နယ်မှာ သူ့ရဲ့အခြေခံအဆောက်အဦတွေ ထပ်ပြီးတိုးချဲ့ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေတယ်လို့ နားလည်ရပါတယ်။ ကုမ္ပဏီအနေနဲ့ Taylor နဲ့ Manor ကျောင်းခရိုင်တွေမှာ အခွန်မက်လုံးတွေကို ရယူဖို့ စာရွက်စာတမ်းတွေ တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

ဒေါ်လာ ၁၇ ဘီလီယံတန် Chip စက်ရုံဟာ Texas ပြည်နယ်မှာ အကြီးဆုံးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလို့လည်း သိရပါတယ်။ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးချဲ့လိုသလို၊ အနာဂတ်အတွက် အခွန်လျှော့ချမှုအချို့လည်း ပြုလုပ်လိုတာကြောင့် အခုသတင်းထွက်လာတဲ့နေရာကို ရွေးချယ်တာဖြစ်ပါတယ်။

Texas နဲ့ လက်တွဲဖို့ရွေးချယ်ခဲ့ပြီးတဲ့နောက် အခွန်ငွေ ၁ ဘီလီယံကျော် လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ပြည်နယ်အချို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လာရောက်ရင်းနှီးမြှုပ်နှံသူတွေကို အခွန်လျှော့ချပေးမယ်ဆိုတဲ့ မက်လုံးနဲ့ဆွဲဆောင်နေတာလည်း ဖြစ်ပါတယ်။

Ref: sammobile