Samsung ဟာ လာမယ့် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ Galaxy S23 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S23 Series ဖုန်းတွေဟာ မိတ်ဆက်ဖို့ အချိန်ကာလအနေနဲ့ လပိုင်းခန့်ကြာမြင့်ဦးမှာဖြစ်ပေမယ့် သတင်းတွေက မကြာခဏထွက်ပေါ်နေတာဖြစ်ပါတယ်။

အခုလည်း Samsung Galaxy S23 Series ဖုန်းတွေမှာ အစောပိုင်းတုန်းက သတင်းထွက်ပေါ်ထားသလို Qualcomm Snapdragon Chipset တွေကိုပဲ အသုံးပြုထားမှာမဟုတ်ဘဲ Samsung ရဲ့ ကိုယ်ပိုင် Exynos Chipset တွေကို ဆက်လက်အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ရှိလာပါတယ်။ လက်ရှိ Galaxy S22 Series ဖုန်းတွေအပြင် Galaxy Foldable ဖုန်းအသစ်တွေမှာ Exynos Chipset အစား Snapdragon Chipset တွေကိုပဲ အသုံးပြုထားတာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ Exynos Chipset ထက် ပိုကောင်းမွန်တယ်ဆိုပြီး ဝေဖန်မှုတွေရရှိနေတာဖြစ်ပါတယ်။

အခုလိုမျိုး Exynos Chipset တွေကို Galaxy S23 Series ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် Samsung ကုမ္ပဏီအတွင်းမှာ အတွင်းပိုင်းပြဿနာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် Samsung အနေနဲ့ ကုမ္ပဏီတွင်း ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ယခင်တုန်းကအတိုင်းပဲ Galaxy S23 Series ဖုန်းတွေမှာ Qualcomm Snapdragon Chipset အပြင် Exynos Chipset ကိုပါ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

Samsung Galaxy S23 Series ဖုန်းတွေဟာ အစောပိုင်းသတင်းတွေအရ Qualcomm Snapdragon 8 Gen2 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်လို့ Exynos Chipset ကိုပါ အသုံးပြုလာမယ်ဆိုရင် ဘယ် Exynos Chipset ကို အသုံးပြုလာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Ref – Gizmo China