Google က တလောက ထုတ်လုပ်ခဲ့တဲ့ Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေထဲက Pixel 2 XL ဖုန်းဟာ လက်ရှိအချိန်မှာ Display ပိုင်းပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ အခုလိုမျိုး ရင်ဆိုင်နေရတာကို ပြိုင်ဘက်ဖြစ်တဲ့ Samsung ကနေ လှောင်ပြောင်တဲ့ ဗီဒီယိုတစ်ခုကို YouTube ပေါ်တင်ပြီး Pixel 2 XL ကို တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

အဆိုပါ “Samsung Galaxy : Screen Reviews” လို့ နာမည်တပ်ထားတဲ့ ဗီဒီယိုမှာဆိုရင် YouTube မှာရှိတဲ့ နာမည်ကြီး Reviewer တွေက Samsung ဖုန်းတွေကို Review ပြောထားတဲ့အပိုင်းတွေကိုပဲ ဖြတ်ညပ်ကပ်ပြုလုပ်ထားတာဖြစ်ပြီးတော့ Samsung ဖုန်းတွေရဲ့ Screen ကသာ အကောင်းဆုံးဆိုပြီး ပြောထားတာပါ။

အဆိုပါ ကြော်ငြာဗီဒီယိုကိုလည်း တခါတည်းအောက်မှာ ကြည့်လို့ရမှာပါ။

https://www.youtube.com/watch?v=eLz5gFzdU3E

Google Pixel 2 XL ဖုန်းတွေမှာ အခုလိုမျိုး ပြဿနာတွေဖြစ်ပေါ်နေတာက Display ကို Samsung ကနေ မဝယ်ပဲ LG ရဲ့ POLED Display တွေကို ဝယ်ယူခဲ့တာကြောင့်လို့ သတင်းတွေထွက်ပေါ်နေပြီး Screen Burn-In Effects, အပြာရောင်သမ်းနေတာ နဲ့ အရောင်တွေမစိုပြေတာ စတဲ့ပြဿနာပေါင်းစုံတက်နေတာပဲဖြစ်ပါတယ်။