Samsung ကနေ ပုံမှန်စမတ်ဖုန်းဈေးကွက်ကို Galaxy S Series နဲ့ Galaxy Note Series တွေကို ထုတ်လုပ်ပြီးနေရာရယူထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ ဈေးနှုန်းမြင့်မားတဲ့ သာမန်ခေါက်ဖုန်းတစ်ခုကို Samsung ကထုတ်လုပ်နေတယ်လို့ သိရှိရပါတယ်။

ယခုသတင်းကို တရုတ်နိုင်ငံက စမတ်ဖုန်းသတင်းတွေကို ဖော်ပြတတ်တဲ့ @MMDDJ အမည်ရတဲ့သူကဖော်ပြခဲ့တာဖြစ်ပြီးတော့ အခု Samsung ရဲ့ ခေါက်ဖုန်းမှာ Screen Display ၂ ခုပါဝင်လာမှာဖြစ်ပြီးတော့ မွမ်းမံမှုတွေအများအပြားပြုလုပ်ထားတဲ့ Android OS ကို အသုံးပြုသွားမှာဖြစ်ပါတယ်။

အခုထွက်ရှိလာဦးမယ့် SM-W2018 အမည်ရှိတဲ့ Samsung ခေါက်ဖုန်းဟာ Design အရတော့ သာမန် ခေါက်ဖုန်းပုံစံပေမယ့် နောက်ဆုံးထွက် Hardware တွေဖြစ်တဲ့ Snapdragon 835 CPU, RAM 6GB တွေပါ ပါဝင်လာမယ်လို့သိရပါတယ်။

ဒါပေမယ့် ဒီ Samsung SM-W2018 ခေါက်ဖုန်းအရ ဈေးနှုန်းအရတော့ မသေးပါဘူး။ ဈေးနှုန်းအတိအကျကို ကုမ္ပဏီကနေ ပြောကြားထားခြင်းမရှိသေးပေမယ့် ဒေါ်လာ ၂၀၀၀ ဝန်းကျင်အထိ ကျသင့်လိမ့်မယ်လို့ သိတင်းတွေထက်ပေါ်နေပါတယ်။