Unicode

ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Fold စမတ်ဖုန်းဟာ စတင်ရောင်းချတဲ့အချိန်မှာ ပြဿနာတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာ Foldable Phone တစ်ခုအနေနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ Samsung ကနေ လာမယ့်နှစ်မှာ Foldable Phone အသစ်ကို Galaxy S11 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုအချိန်မှာ ဓါတ်ပုံတွေပေါက်ကြားလာပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ်မိတ်ဆက်လာမယ့် Samsung Foldable Phone ဖုန်းက ပြီးခဲ့တဲ့ Galaxy Fold နဲ့ Design ပိုင်းလုံးဝကွာခြားသွားပြီးတော့ Motorola Razr လိုမျိုး အပေါ်ကနေ အောက်ကို ခေါက်ချိုးရတဲ့ပုံစံဖြစ်လာမှာပါ။ အဲ့ဒီအတွက် ခေါက်ထားတဲ့အချိန်မှာ ပုံမှန်ထက်ပိုပြီး Compact ဖြစ်နေမှာဖြစ်သလို ဖြန့်လိုက်တဲ့အချိန်မှာ ပုံမှန် စမတ်ဖုန်းတစ်ခုလိုမျိုး အသုံးပြုနိုင်မှာပါ။

အခု ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရတော့ Galaxy Foldable Phone အသစ်က ဘေးဘောင်တွေအနည်းငယ်ထူနေပြီးတော့ Display ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ Selfie Camera အတွက် Punch-hole Design ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် Under Display Camera ပါဝင်ခြင်းရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီလိုမျိုး အပေါ်ကနေ အောက်ကိုချိုးချတဲ့ Foldable Design ဖြစ်တဲ့အတွက် Screen Aspect Ratio ကလည်း ပုံမှန်မြင်နေကြ 19:9 ထက်ပိုရှည်တဲ့ 21:9 Ratio ဖြစ်လာမှာပါ။ ဖုန်းကို ခေါက်ချိုးထားတဲ့အချိန်မှာလည်း အချိန်နဲ့ Notification တွေကိုမြင်နိုင်တဲ့ Mini Display တစ်ခုပါဝင်ဦးမှာဖြစ်ပါတယ်။

ဒီ Galaxy Foldable Phone အသစ်ဟာ Galaxy Fold လိုမျိုး $2,000 ဝန်းကျင်ရှိမှာမဟုတ်ဘဲ ပိုပြီးစျေးသက်သာလာမှာဖြစ်တယ်လို့လည်း ယူဆရပါတယ်။ မိတ်ဆက်မယ့်အချိန်အနေနဲ့ကတော့ Samsung Galaxy S11 ဖုန်းတွေမိတ်ဆက်တဲ့အချိန် သို့မဟုတ် ဖေဖော်ဝါရီလထဲမှာပဲ ကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်လာနိုင်ပါတယ်။

Ref – Phone Arena

Zawgyi

ယခုႏွစ္အေစာပိုင္းတုန္းက မိတ္ဆက္ခဲ့တဲ့ Samsung Galaxy Fold စမတ္ဖုန္းဟာ စတင္ေရာင္းခ်တဲ့အခ်ိန္မွာ ျပႆနာေတြရွိခဲ့ေပမယ့္ ေနာက္ဆုံးမွာ Foldable Phone တစ္ခုအေနနဲ႔ ေအာင္ျမင္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ Samsung ကေန လာမယ့္ႏွစ္မွာ Foldable Phone အသစ္ကို Galaxy S11 Series ဖုန္းေတြနဲ႔အတူ မိတ္ဆက္လာမယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး အခုအခ်ိန္မွာ ဓါတ္ပုံေတြေပါက္ၾကားလာၿပီျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မိတ္ဆက္လာမယ့္ Samsung Foldable Phone ဖုန္းက ၿပီးခဲ့တဲ့ Galaxy Fold နဲ႔ Design ပိုင္းလုံးဝကြာျခားသြားၿပီးေတာ့ Motorola Razr လိုမ်ိဳး အေပၚကေန ေအာက္ကို ေခါက္ခ်ိဳးရတဲ့ပုံစံျဖစ္လာမွာပါ။ အဲ့ဒီအတြက္ ေခါက္ထားတဲ့အခ်ိန္မွာ ပုံမွန္ထက္ပိုၿပီး Compact ျဖစ္ေနမွာျဖစ္သလို ျဖန္႔လိုက္တဲ့အခ်ိန္မွာ ပုံမွန္ စမတ္ဖုန္းတစ္ခုလိုမ်ိဳး အသုံးျပဳႏိုင္မွာပါ။

အခု ထြက္ေပၚလာတဲ့ ဓါတ္ပုံေတြအရေတာ့ Galaxy Foldable Phone အသစ္က ေဘးေဘာင္ေတြအနည္းငယ္ထူေနၿပီးေတာ့ Display ရဲ႕ အေပၚဘက္အလယ္တည့္တည့္မွာ Selfie Camera အတြက္ Punch-hole Design ျပဳလုပ္ထားတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ Under Display Camera ပါဝင္ျခင္းရွိမရွိကိုေတာ့ အတည္ျပဳႏိုင္ျခင္းမရွိေသးပါဘူး။

ဒီလိုမ်ိဳး အေပၚကေန ေအာက္ကိုခ်ိဳးခ်တဲ့ Foldable Design ျဖစ္တဲ့အတြက္ Screen Aspect Ratio ကလည္း ပုံမွန္ျမင္ေနၾက 19:9 ထက္ပိုရွည္တဲ့ 21:9 Ratio ျဖစ္လာမွာပါ။ ဖုန္းကို ေခါက္ခ်ိဳးထားတဲ့အခ်ိန္မွာလည္း အခ်ိန္နဲ႔ Notification ေတြကိုျမင္ႏိုင္တဲ့ Mini Display တစ္ခုပါဝင္ဦးမွာျဖစ္ပါတယ္။

ဒီ Galaxy Foldable Phone အသစ္ဟာ Galaxy Fold လိုမ်ိဳး $2,000 ဝန္းက်င္ရွိမွာမဟုတ္ဘဲ ပိုၿပီးေစ်းသက္သာလာမွာျဖစ္တယ္လို႔လည္း ယူဆရပါတယ္။ မိတ္ဆက္မယ့္အခ်ိန္အေနနဲ႔ကေတာ့ Samsung Galaxy S11 ဖုန္းေတြမိတ္ဆက္တဲ့အခ်ိန္ သို႔မဟုတ္ ေဖေဖာ္ဝါရီလထဲမွာပဲ က်င္းပမယ့္ Mobile World Congress မွာ မိတ္ဆက္လာႏိုင္ပါတယ္။

Ref – Phone Arena