Zawgyi

Samsung ရဲ႕ မႏွစ္က ထြက္ရွိထားခဲ့တဲ့ Galaxy A10 စမတ္ဖုန္းဟာ A Series စမတ္ဖုန္းေတြထဲမွာ အနိမ့္ဆုံး Entry Level Budget ဖုန္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။ အခုအခ်ိန္မွာေတာ့ Samsung ကေန ေနာက္ထပ္ Budget ဖုန္းအသစ္ျဖစ္လာမယ့္ Galaxy A01 ကို မိတ္ဆက္ေတာ့မွာျဖစ္ၿပီးေတာ့ FCC Certification ေတြကေန တဆင့္ အဓိက Specs ေတြေပါက္ၾကားလာခဲ့ပါၿပီ။

Samsung Galaxy A01 ဟာ Model Number အေနနဲ႔ SM-A015F ဆိုၿပီး ထြက္ရွိလာမွာျဖစ္သလို ယခင္တုန္းက Galaxy A5 အေနနဲ႔ မိတ္ဆက္မယ္ဆိုၿပီး သတင္းေတြထြက္ေနရာကေန အခု FCC Certification အရ Galaxy A01 အေနနဲ႔ မိတ္ဆက္လာမယ္ဆိုတာကို သိရွိခဲ့ရတာျဖစ္ပါတယ္။

အခုထြက္ရွိလာတဲ့သတင္းအရ အဆိုပါ Galaxy A01 စမတ္ဖုန္းဟာ Dual Camera စမတ္ဖုန္းတစ္ခုျဖစ္ၿပီးေတာ့ Fingerprint Sensor ကေတာ့ ပါဝင္ျခင္းမရွိပါဘူး။ Speaker ကလည္း ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာပဲ တပ္ဆင္ထားၿပီးေတာ့ 3.5mm Headphone Jack ကိုေတာ့ ဖုန္းရဲ႕ အေပၚဘက္မွာတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

Display အေနနဲ႔ကေတာ့ 5.7″ Screen Size ရွိမွာျဖစ္ၿပီး HD+ Resolution LCD Panel ကိုပဲ အသုံးျပဳလာႏိုင္ပါတယ္။ Processor ကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိေပမယ့္ RAM 2GB နဲ႔ 16GB Storage ပါဝင္လာမွာပါ။ Battery အေနနဲ႔ 3000mAh ပါဝင္မွာျဖစ္သလို Android 10 OS ကို အသုံးျပဳလာမယ္လို႔လည္း သိရပါတယ္။ အေရာင္ေတြအေနနဲ႔ကေတာ့ Black ၊ Blue နဲ႔ Red ဆိုၿပီး အရင္ထြက္ရွိလာမွာျဖစ္ပါတယ္။

လက္ရွိ Samsung Galaxy A10 စမတ္ဖုန္းဟာ ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၁၀၀ ဝန္းက်င္ (ျမန္မာေငြ ၁ သိန္းခြဲဝန္းက်င္) နဲ႔ ေရာင္းခ်ေနတာျဖစ္ေပမယ့္ အခုထြက္လာမယ့္ Galaxy A01 ဟာ ပိုၿပီးေတာင္ ေစ်းသက္သာလာႏိုင္ပါတယ္။ ဒါကလည္း Samsung က Galaxy A01 ကို ကိုယ္တိုင္ထုတ္လုပ္တာမဟုတ္ဘဲ Huawei Device ေတြကိုပါ ထုတ္လုပ္ေပးေနတဲ့ Shanghai-based Huaqin Telecom ကုမၸဏီကေန ထုတ္လုပ္တာေၾကာင့္ျဖစ္ပါတယ္။

Ref – Gizmo China

Unicode

Samsung ရဲ့ မနှစ်က ထွက်ရှိထားခဲ့တဲ့ Galaxy A10 စမတ်ဖုန်းဟာ A Series စမတ်ဖုန်းတွေထဲမှာ အနိမ့်ဆုံး Entry Level Budget ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ နောက်ထပ် Budget ဖုန်းအသစ်ဖြစ်လာမယ့် Galaxy A01 ကို မိတ်ဆက်တော့မှာဖြစ်ပြီးတော့ FCC Certification တွေကနေ တဆင့် အဓိက Specs တွေပေါက်ကြားလာခဲ့ပါပြီ။

Samsung Galaxy A01 ဟာ Model Number အေနနဲ့ SM-A015F ဆိုပြီး ထွက်ရှိလာမှာဖြစ်သလို ယခင်တုန်းက Galaxy A5 အနေနဲ့ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်နေရာကနေ အခု FCC Certification အရ Galaxy A01 အနေနဲ့ မိတ်ဆက်လာမယ်ဆိုတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့သတင်းအရ အဆိုပါ Galaxy A01 စမတ်ဖုန်းဟာ Dual Camera စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Fingerprint Sensor ကတော့ ပါဝင်ခြင်းမရှိပါဘူး။ Speaker ကလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ တပ်ဆင်ထားပြီးတော့ 3.5mm Headphone Jack ကိုတော့ ဖုန်းရဲ့ အပေါ်ဘက်မှာတပ်ဆင်ထားတာကို တွေ့ရပါတယ်။

Display အနေနဲ့ကတော့ 5.7″ Screen Size ရှိမှာဖြစ်ပြီး HD+ Resolution LCD Panel ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ Processor ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမယ့် RAM 2GB နဲ့ 16GB Storage ပါဝင်လာမှာပါ။ Battery အနေနဲ့ 3000mAh ပါဝင်မှာဖြစ်သလို Android 10 OS ကို အသုံးပြုလာမယ်လို့လည်း သိရပါတယ်။ အရောင်တွေအနေနဲ့ကတော့ Black ၊ Blue နဲ့ Red ဆိုပြီး အရင်ထွက်ရှိလာမှာဖြစ်ပါတယ်။

လက်ရှိ Samsung Galaxy A10 စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀ ဝန်းကျင် (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချနေတာဖြစ်ပေမယ့် အခုထွက်လာမယ့် Galaxy A01 ဟာ ပိုပြီးတောင် စျေးသက်သာလာနိုင်ပါတယ်။ ဒါကလည်း Samsung က Galaxy A01 ကို ကိုယ်တိုင်ထုတ်လုပ်တာမဟုတ်ဘဲ Huawei Device တွေကိုပါ ထုတ်လုပ်ပေးနေတဲ့ Shanghai-based Huaqin Telecom ကုမ္ပဏီကနေ ထုတ်လုပ်တာကြောင့်ဖြစ်ပါတယ်။

Ref – Gizmo China