Samsung ကနေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက World Intellectual Property Organization (WIPO) ကနေ မူပိုင်ခွင့်တစ်ခုကို ရယူခဲ့ပါတယ်။ အဆိုပါ မူပိုင်ခွင့်ကတော့ Samsung ရဲ့ လက်ရှိ Wireless Charging စနစ်ကို အဆင့်မြှင့်တင်ထားတဲ့ နည်းလမ်းတစ်ခုဖြစ်လာမှာပါ။

Samsung ဟာ အဆိုပါ မူပိုင်ခွင့်အရတော့ သူရဲ့ Mobile Devices တွေကို အခုလိုမျိုး Wireless Charger တွေပေါ်မှာ တင်ထားစရာမလိုပဲ အားသွင်းတဲ့ Plug မှာ Wireless Charger ကို တပ်ထားရုံနဲ့ အနီးအနားမှာရှိတဲ့ Mobile Devices တွေကို အားသွင်းပေးမှာဖြစ်ပါတယ်။

Samsung ရဲ့ အခုအားသွင်းမှုကို မှတ်ပုံတင်ထားတဲ့အချက်အရတော့ အခုလိုမျိုး အားသွင်းနိုင်ဖို့အတွက် အခန်းတွင်းမှာရှိနေဖို့လိုအပ်ပြီးတော့ အသုံးပြုသူက Mobile Devices တွေကို ကိုင်ပြီး လျှောက်သွားနေရင်တောင်မှ Reflectors တွေကနေ အားသွင်းနိုင်မှာဖြစ်ပါတယ်။

Samsung အနေနဲ့ အခုလိုမျိုး Wireless Charging စနစ်ကို အဆင့်မြှင့်တင်ပေးနိုင်မယ့် နည်းပညာကို မှုပိုင်ခွင့်ရယူလိုက်တဲ့အတွက်မကြာတော့တဲ့ နှစ်တွေမှာ တွေ့မြင်လာရမယ်လို့ မျှော်လင့်ပါတယ်။