Samsung ကနေ အိန္ဒိယနိုင်ငံမှာ Samsung Galaxy J7 Duo ဖုန်းကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Mid Range စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်ရှိမှာဖြစ်ပြီးတော့ လာမယ့် ဧပြီရယ်လထဲမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Samsung Galaxy J7 Duo ဖုန်းဟာ 5.5″ Super AMOLED Display ပါဝင်မှာဖြစ်ပြီးတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Infinity Display တော့ ပါဝင်မှာမဟုတ်ပါဘူး။

ကင်မရာပိုင်းအနေနဲ့ကတော့ 13MP + 5MP Camera ပါဝင်မှာဖြစ်ြပီးတော့ 8MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Exynos 7 Series Octa Core Processor ကို အသုံးပြုထားမှာဖြစ်ပြီးတော့ RAM 4GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့တော့ 32GB ပဲပါဝင်မှာဖြစ်ပြီးတော့ MicroSD Card ကနေ တစ်ဆင့် Storage ထပ်တိုးလို့ရမှာပါ။

Samsung Galaxy J7 Duo ကို 3000mAh Battery တပ်ဆင်ထားမှာဖြစ်ပြီးတော့ Android Version အနေနဲ့ 8.0 Oreo ပါဝင်မှာပါ။