Zawgyi

Android OS အေပၚမွာ အေျခခံထားတဲ့ UI တစ္ခုျဖစ္တဲ့ OneUI ဟာ လက္ရွိအခ်ိန္မွာ Samsung ကေန အသုံးျပဳခဲ့သမွ် UI ေတြထဲမွာ အေကာင္းဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ အခုအခ်ိန္မွာေတာ့ Google ကေန Android 10 ကို တရားဝင္မိတ္ဆက္ၿပီးတဲ့အခ်ိန္မွာ Samsung ကလည္း Android 10 ကို အေျခခံထားတဲ့ OneUI Version အသစ္ကို မိတ္ဆက္လာဖို႔က ေသခ်ာသေလာက္ရွိေနပါၿပီ။

လက္ရွိအခ်ိန္အထိေတာ့ Samsung ကေန မၾကာေသးခင္တုန္းက မိတ္ဆက္ထားခဲ့တဲ့ Galaxy Note 10 Series အပါအဝင္ Samsung ဖုန္းေတြအတြက္ Android 10 Update ကို ဘယ္အခ်ိန္မွာ ထုတ္ေပးမယ္ဆိုတာ ေၾကညာထားျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ Galaxy S10 ေပၚမွာ Android 10 ကို အေျခခံထားတဲ့ OneUI 2.0 လို႔ ယူဆရတဲ့ Hands-on Video တစ္ခုက ေပါက္ၾကားလာခဲ့ပါၿပီ။

အခု Video က Brazilian YouTuber တစ္ေယာက္ျဖစ္တဲ့ Dudu Rocha က တင္ထားခဲ့တာျဖစ္ၿပီးေတာ့ OneUI 2.0 တင္ထားတဲ့ Galaxy S10+ နဲ႔ OneUI 1.0 ကိုပဲ အသုံးျပဳထားတဲ့ Galaxy S9 ဖုန္း ၂ ခုကို ႏႈိင္းယွဥ္ထားခဲ့တာျဖစ္ပါတယ္။ Samsung က လက္ရွိအခ်ိန္အထိ OneUI 2.0 နဲ႔ ပတ္သတ္ၿပီးေတာ့ Beta Program ေတြအျပင္ တျခားဘာမွေျပာၾကားျခင္းမရွိေသးတဲ့အတြက္ အခု Video ကို ယုံၾကည္ႏိုင္ပ့ါမလားဆိုတာက အျငင္းပြားဖြယ္ျဖစ္ေနေပမယ့္ Video အရေတာ့ ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ ေျပာရမွာပါ။

OneUI 2.0 ဟာ လက္ရွိ OneUI 1.0 နဲ႔ ယွဥ္ရင္ အျမင္ပိုင္းအရ သိသာတဲ့ေျပာင္းလဲမႈေတြမရွိဘူးလို႔ ေျပာလို႔ရေပမယ့္ လက္ရွိ Pixel စမတ္ဖုန္းေတြက Android 10 Beta မွာ ပါဝင္လာတဲ့ Screen ရဲ႕ ေဘးဘက္ကေန ဆြဲၿပီး ေခၚဆိုရတဲ့ Back Gesture ကို အသုံးျပဳလာတာကို ေတြ႕ရပါတယ္။ ဒ့ါအျပင္ လက္ရွိ OneUI ရဲ႕ Gesture ေတြကိုလည္း ဆက္လက္အသုံးျပဳႏိုင္ဦးမယ့္ပုံစံပါပဲ။

ေနာက္ထပ္ ေျပာင္းလဲမႈတစ္ခုကေတာ့ Notification Bar ကို ဆြဲခ်ရတဲ့ Quick Setting Menu ပဲျဖစ္ၿပီးေတာ့ ယခင္ကလိုမ်ိဳး Screen ရဲ႕ အေပၚဘက္ကိုပဲ ေနရာယူထားမယ့္အစား Screen တစ္ခုလုံးကို ေအာက္အထိ ေနရာယူေနၿပီပဲျဖစ္ပါတယ္။ ေနာက္ၿပီး Location Setting ကလည္း Setting Menu ရဲ႕ အျပင္ဘက္မွာ “Local” အေနနဲ႔ ေျပာင္းလဲထားတာလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး Privacy Feature ေတြကိုလည္း Google ရဲ႕ Android 10 မွာ ေၾကညာခဲ့သလိုမ်ိဳး ေျပာင္းလဲထားတဲ့ ပုံစံပါပဲ။

အခု Video မွာ ပါဝင္တဲ့ OneUI 2.0 ဟာ ျဖစ္ႏိုင္တာက Internal Build တစ္ခုျဖစ္ႏိုင္ၿပီးေတာ့ Samsung ကေန တရားဝင္ Beta Program နဲ႔ စတင္ၿပီး ထုတ္ေပးတဲ့အခ်ိန္ၾကရင္ အခု Feature ေတြအျပင္ တျခားေသာ Feature ေတြလည္း ပါဝင္လာႏိုင္ပါတယ္။ ဒါေပမယ့္လည္း ၾသဂုတ္လကုန္ပိုင္းေလာက္မွာ Google ကေန Pixel ဖုန္းေတြအတြက္ Android 10 Stable Version ကို ထုတ္ေပးေတာ့မယ့္အခ်ိန္မွာ Samsung ကေတာ့ Android 10 Stable Update ထုတ္ေပးႏိုင္ဖို႔ အခ်ိန္ေတာ္ေတာ္ေစာင့္ဆိုင္းရဦးမယ့္ပုံစံပါပဲ။

Ref – XDA Developers

Unicode

Samsung ရဲ့ လက်ရှိ Android OS အပေါ်မှာ အခြေခံထားတဲ့ UI တစ်ခုဖြစ်တဲ့ OneUI ဟာ လက်ရှိအချိန်မှာ Samsung ကနေ အသုံးပြုခဲ့သမျှ UI တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Google ကနေ Android 10 ကို တရားဝင်မိတ်ဆက်ပြီးတဲ့အချိန်မှာ Samsung ကလည်း Android 10 ကို အခြေခံထားတဲ့ OneUI Version အသစ်ကို မိတ်ဆက်လာဖို့က သေချာသလောက်ရှိနေပါပြီ။

လက်ရှိအချိန်အထိတော့ Samsung ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Galaxy Note 10 Series အပါအဝင် Samsung ဖုန်းတွေအတွက် Android 10 Update ကို ဘယ်အချိန်မှာ ထုတ်ပေးမယ်ဆိုတာ ကြေငြာထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Galaxy S10 ပေါ်မှာ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 လို့ ယူဆရတဲ့ Hands-on Video တစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။

အခု Video က Brazilian YouTuber တစ်ယောက်ဖြစ်တဲ့ Dudu Rocha က တင်ထားခဲ့တာဖြစ်ပြီးတော့ OneUI 2.0 တင်ထားတဲ့ Galaxy S10+ နဲ့ OneUI 1.0 ကိုပဲ အသုံးပြုထားတဲ့ Galaxy S9 ဖုန်း ၂ ခုကို နှိုင်းယှဥ်ထားခဲ့တာဖြစ်ပါတယ်။ Samsung က လက်ရှိအချိန်အထိ OneUI 2.0 နဲ့ ပတ်သတ်ပြီးတော့ Beta Program တွေအပြင် တခြားဘာမှပြောကြားခြင်းမရှိသေးတဲ့အတွက် အခု Video ကို ယုံကြည်နိုင်ပ့ါမလားဆိုတာက အငြင်းပွားဖွယ်ဖြစ်နေပေမယ့် Video အရတော့ ဖြစ်နိုင်ခြေများတယ်လို့ ပြောရမှာပါ။

OneUI 2.0 ဟာ လက်ရှိ OneUI 1.0 နဲ့ ယှဥ်ရင် အမြင်ပိုင်းအရ သိသာတဲ့ပြောင်းလဲမှုတွေမရှိဘူးလို့ ပြောလို့ရပေမယ့် လက်ရှိ Pixel စမတ်ဖုန်းတွေက Android 10 Beta မှာ ပါဝင်လာတဲ့ Screen ရဲ့ ဘေးဘက်ကနေ ဆွဲပြီး ခေါ်ဆိုရတဲ့ Back Gesture ကို အသုံးပြုလာတာကို တွေ့ရပါတယ်။ ဒ့ါအပြင် လက်ရှိ OneUI ရဲ့ Gesture တွေကိုလည်း ဆက်လက်အသုံးပြုနိုင်ဦးမယ့်ပုံစံပါပဲ။

နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ Notification Bar ကို ဆွဲချရတဲ့ Quick Setting Menu ပဲဖြစ်ပြီးတော့ ယခင်ကလိုမျိုး Screen ရဲ့ အပေါ်ဘက်ကိုပဲ နေရာယူထားမယ့်အစား Screen တစ်ခုလုံးကို အောက်အထိ နေရာယူနေပြီပဲဖြစ်ပါတယ်။ နောက်ပြီး Location Setting ကလည်း Setting Menu ရဲ့ အပြင်ဘက်မှာ “Local” အနေနဲ့ ပြောင်းလဲထားတာလည်း ဖြစ်ပါတယ်။ နောက်ပြီး Privacy Feature တွေကိုလည်း Google ရဲ့ Android 10 မှာ ကြေငြာခဲ့သလိုမျိုး ပြောင်းလဲထားတဲ့ ပုံစံပါပဲ။

အခု Video မှာ ပါဝင်တဲ့ OneUI 2.0 ဟာ ဖြစ်နိုင်တာက Internal Build တစ်ခုဖြစ်နိုင်ပြီးတော့ Samsung ကနေ တရားဝင် Beta Program နဲ့ စတင်ပြီး ထုတ်ပေးတဲ့အချိန်ကြရင် အခု Feature တွေအပြင် တခြားသော Feature တွေလည်း ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း သြဂုတ်လကုန်ပိုင်းလောက်မှာ Google ကနေ Pixel ဖုန်းတွေအတွက် Android 10 Stable Version ကို ထုတ်ပေးတော့မယ့်အချိန်မှာ Samsung ကတော့ Android 10 Stable Update ထုတ်ပေးနိုင်ဖို့ အချိန်တော်တော်စောင့်ဆိုင်းရဦးမယ့်ပုံစံပါပဲ။

Ref – XDA Developers