Samsung ကနေ သူရဲ့ နောက်ပိုင်းမှာထွက်ရှိလာမယ့် စမတ်ဖုန်းတွေအတွက် နည်းပညာအသစ်အဆန်းတစ်ခုကို မူပိုင်ခွင့်ရယူလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ လက်ဗွေကို Scan ဖတ်ပြီး ဖုန်းကို Unlock လုပ်တာမျိုးမဟုတ်ပဲ Password မေ့ပြီး Unlock လုပ်လို့မရတဲ့အချိန်မှာ လက်ဖဝါးကို Scan ဖတ်ပြီး Password အရိတ်အမြွတ်ပြောမယ့် နည်းပညာပါ။

အခုနည်းပညာကို Samsung ရဲ့ ဘယ်ဖုန်းမှာ ထည့်သွင်းလာမယ်ဆိုတာကိုတော့ ပြောကြားထားခြင်းမရှိပဲ အခုမှ မူပိုင်ခွင့်ရယူတဲ့အဆင့်မှာပဲရှိသေးတဲ့အတွက် နောက်နှစ်မှာထွက်ရှိလာမယ့် Samsung Galaxy S9 မှာ ပါဝင်လာမလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

အခုနည်းပညာက ဘာအတွက်အသုံးဝင်မလဲဆိုရင် တကယ်လို့ ကိုယ်က Fingerprint လည်း မသတ်မှတ်ထားမိပဲ Password မေ့သွားတယ်ဆိုရင် Back Camera နဲ့ ကိုယ်လက်ဖဝါးကို ဓါတ်ပုံရိုက်ပြီး Scan ဖတ်လိုက်လို့ ကိုက်ညီတယ်ဆိုရင် Password ကို ပြန်လည်မှတ်မိစေနိုင်မယ့် Password အရိတ်အမြွတ်ကိုပြောပြသွားမှာဖြစ်ပါတယ်။ Samsung ကတော့ လုံခြုံမှုမရှိမှန်း သိတဲ့အတွက် ဖုန်းကိုတော့ Unlock ပေးမလုပ်ခဲ့ပါဘူး။

အခု ဒီ Samsung ရဲ့ နည်းပညာက လက်ရှိအခြား ဘယ်စမတ်ဖုန်းကုမ္ပဏီမှာမှ အသုံးပြုခြင်းမရှိသေးတဲ့ နည်းပညာအသစ်တစ်ခုဖြစ်သလို အမှန်တကယ်လက်တွေ့မှာလည်း အောင်မြင်လာနိုင်မလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရတော့မှာပါ။