Samsung ဖုန်းတွေကနေ တစ်ဆင့်ငွေပေးချေမှုတွေပြုလုပ်ဖို့အတွက် Samsung Pay ပါဝင်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျွန်လတုန်းက Samsung ကနေ Sasmung Pay ဟာ PayPal နဲ့ ချိတ်ဆက်လိုက်တဲ့အကြောင်းကို ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ကြေငြာပြီး အချိန် ၉ လကြာပြီးမှ Samsung ဖုန်းတွေမှာ ပါဝင်တဲ့ Samsung Pay မှာ PayPal Payment Method ပါဝင်လာပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် PayPal Account ရှိတဲ့သူတွေဆိုရင် Samsung Pay ကနေ တစ်ဆင့် ငွေပေးချေနိုင်ပြီဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ Samsung Galaxy Note 8 စမတ်ဖုန်းမှာ အရင်ရရှိနေတာဖြစ်ပြီးတော့ Samsung Pay Version 2.8.29 နဲ့ အထက်ဖုန်းတွေမှာလည်း ရရှိနေတယ်လို့ သိရပါတယ်။