ပြီးခဲ့တဲ့လတုန်းက ကျင်းပခဲ့တဲ့ CES 2018 မှာ ကမ္ဘာ့ပထမဆုံးအနေနဲ့ Display အောက်မှာ Fingerprint Sensor ကိုထည့်သွင်းထားတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ ရယူလိုက်တဲ့မူပိုင်ခွင့်တစ်ခုအရ Samsung က သူ့ရဲ့ စမတ်ဖုန်းတွေရဲ့ Display အောက်မှာ Fingerprint Sensor အပြင် Front Selfie Camera ကိုပါ မြုပ်ထားချင်နေပုံပါပဲ။

အခု သတင်းဟာ Samsung ရဲ့ အသစ်ရယူလိုက်တဲ့ မူပိုင်ခွင့်မှာ ပါဝင်ခဲ့တာဖြစ်ပြီး ဖုန်းရဲ့ အရှေ့ဘက် Display အပေါ်ပိုင်းမှာရှိတဲ့ Selfie Camera နဲ့ အခြားသော Sensor တွေအကုန်လုံးကို Display အောက်ကို ပို့ပစ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Samsung ရဲ့ အခုလို နည်းပညာဟာ ယခင်က Xiaomi Mi Mix က ပြုလုပ်ခဲ့ဖူးတဲ့ Ultra Sonic Microphone နည်းပညာနဲ့ တူညီပြီး အခုလိုမျိုး နည်းပညာသာ အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် ဖုန်းရဲ့ ဒီဇိုင်းပိုင်းမှာ အကြီးအကျယ်ပြောင်းလဲသွားမှာဖြစ်ပြီးတော့ အခုလက်ရှိဖုန်းတွေထက် အများအပြားကွာခြားသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ CES 2018 တုန်းက ပြသသွားခဲ့တဲ့ Under Display Fingerprint စမတ်ဖုန်းဟာ OLED Display နဲ့မှ အလုပ်လုပ်နိုင်တဲ့အတွက်ကြောင့် Samsung ရဲ့ ယခုနည်းပညာသုံးဖုန်းတွေကလည်း OLED Display ပဲ သုံးလာမယ်လို့ ယူဆရပါတယ်။