Zawgyi

ယခင္က သတင္းထြက္ခဲ့သလုိပဲ Samsung ဟာ Display ေအာက္မွာ ျမဳပ္ႏွံထည့္သြင္းမယ့္ Selfie ကင္မရာ နည္းပညာကို စမ္းသပ္ေနခဲ့တာ ေတာ္ေတာ္ေလး ခရီးေရာက္ေနၿပီျဖစ္ၿပီး ေစ်းကြက္တန္းဝင္ထုတ္လုပ္မႈကို အခုလအတြင္းမွာေတာင္ စတင္ေကာင္းစတင္ႏုိင္တယ္လို႔ ဆုိပါတယ္။

ထုတ္လုပ္မႈသာ အဆင္ေျပခဲ့ရင္ ေတာင္ကိုရီးယားအေျခစုိက္ နည္းပညာကုမၸဏီ Samsung ဟာ Under-display ကင္မရာနဲ႔ ဖုန္းအလုံးေရ တစ္လကိုသုံးေသာင္းခန္႔ထိ ထုတ္လုပ္ဖို႔ ျပင္ဆင္ထားၿပီး လာမယ့္ႏွစ္ထဲမွာ ေစ်းကြက္ထဲ ပို႔ေဆာင္ေရာင္းခ်ႏုိင္ေတာ့မွာပါ။

Oppo ရဲ႕ Under-Screen Selfie ကင္မရာနည္းပညာအစမ္းျပပုံ

ဒါေပမယ့္ ဒီနည္းပညာဟာ သူ႕ရဲ႕ ေနာက္ႏွစ္မွာထြက္ရွိမယ့္ Flagship စမတ္ဖုန္း Galaxy S11 ထက္စာရင္ Galaxy Fold ရဲ႕မ်ဳိးဆက္သစ္ေလာက္မွာပဲ ျမင္ေတြ႕ရႏုိင္ေျခရွိပါတယ္။ Samsung ဟာ Screen ရဲ႕ေအာက္မွာ Selfie ကင္မရာေတြ ထည့္သြင္းဖို႔ ၾကိဳးစားရာမွာ နည္းပညာပုိင္းအခက္အခဲေတြ က်န္ရွိေနတုန္းပဲျဖစ္ၿပီး OLED Panel ရဲ႕ေအာက္မွာ တပ္ဆင္တဲ့အခါ Screen ေပၚမွာ ကင္မရာက ရႈပ္မေနေပမယ့္ Sensor ကေန ထြက္လာတဲ့ အလင္းကေတာ့ ပုံရိပ္ရဲ႕ အရည္အေသြးကို က်ဆင္းေစတုန္းျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Samsung ကုမၸဏီဟာ ဒီျပႆနာကို အေျဖရွာေနဆဲပါ။

ပထမဆုံး ကင္မရာထည့္သြင္းမယ့္ OLED မ်က္ႏွာျပင္ကို တတ္ႏိုင္သမွ် Transparent ျဖစ္ေအာင္ ျပဳလုပ္ဖို႔နဲ႔ ပုံရိပ္မၾကည္လင္မႈကို ေဖ်ာက္ေပးႏုိင္မယ့္ Software ကို တီထြင္ဖို႔ ႀကိဳးစားတာပါ။ Under-display ကင္မရာကို Samsung အမွတ္တံဆိပ္နဲ႔ ေစ်းကြက္ထဲမွာ ျမင္ရဖို႔ေတာ့ ေတာ္ေတာ္ေလး ထပ္ေစာင့္ဆုိင္းရဦးမွာျဖစ္ေပမယ့္ Full Screen ျမင္ကြင္းကို ရရွိဖို႔ စမတ္ဖုန္းကုမၸဏီေတြရဲ႕ ႀကိဳးစားမႈကို ေလွ်ာ့တြက္လို႔မရပါဘူး။

Ref – GSM Arena

Unicode

ယခင်က သတင်းထွက်ခဲ့သလိုပဲ Samsung ဟာ Display အောက်မှာ မြုပ်နှံထည့်သွင်းမယ့် Selfie ကင်မရာ နည်းပညာကို စမ်းသပ်နေခဲ့တာ တော်တော်လေး ခရီးရောက်နေပြီဖြစ်ပြီး ဈေးကွက်တန်းဝင်ထုတ်လုပ်မှုကို အခုလအတွင်းမှာတောင် စတင်ကောင်းစတင်နိုင်တယ်လို့ ဆိုပါတယ်။

ထုတ်လုပ်မှုသာ အဆင်ပြေခဲ့ရင် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ Samsung ဟာ Under-display ကင်မရာနဲ့ ဖုန်းအလုံးရေ တစ်လကိုသုံးသောင်းခန့်ထိ ထုတ်လုပ်ဖို့ ပြင်ဆင်ထားပြီး လာမယ့်နှစ်ထဲမှာ ဈေးကွက်ထဲ ပို့ဆောင်ရောင်းချနိုင်တော့မှာပါ။

Oppo ရဲ့ Under-Screen Selfie ကင်မရာနည်းပညာအစမ်းပြပုံ

ဒါပေမယ့် ဒီနည်းပညာဟာ သူ့ရဲ့ နောက်နှစ်မှာထွက်ရှိမယ့် Flagship စမတ်ဖုန်း Galaxy S11 ထက်စာရင် Galaxy Fold ရဲ့မျိုးဆက်သစ်လောက်မှာပဲ မြင်တွေ့ရနိုင်ခြေရှိပါတယ်။ Samsung ဟာ Screen ရဲ့အောက်မှာ Selfie ကင်မရာတွေ ထည့်သွင်းဖို့ ကြိုးစားရာမှာ နည်းပညာပိုင်းအခက်အခဲတွေ ကျန်ရှိနေတုန်းပဲဖြစ်ပြီး OLED Panel ရဲ့အောက်မှာ တပ်ဆင်တဲ့အခါ Screen ပေါ်မှာ ကင်မရာက ရှုပ်မနေပေမယ့် Sensor ကနေ ထွက်လာတဲ့ အလင်းကတော့ ပုံရိပ်ရဲ့ အရည်အသွေးကို ကျဆင်းစေတုန်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Samsung ကုမ္ပဏီဟာ ဒီပြဿနာကို အဖြေရှာနေဆဲပါ။

ပထမဆုံး ကင်မရာထည့်သွင်းမယ့် OLED မျက်နှာပြင်ကို တတ်နိုင်သမျှ Transparent ဖြစ်အောင် ပြုလုပ်ဖို့နဲ့ ပုံရိပ်မကြည်လင်မှုကို ဖျောက်ပေးနိုင်မယ့် Software ကို တီထွင်ဖို့ ကြိုးစားတာပါ။ Under-display ကင်မရာကို Samsung အမှတ်တံဆိပ်နဲ့ ဈေးကွက်ထဲမှာ မြင်ရဖို့တော့ တော်တော်လေး ထပ်စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့် Full Screen မြင်ကွင်းကို ရရှိဖို့ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ ကြိုးစားမှုကို လျှော့တွက်လို့မရပါဘူး။

Ref – GSM Arena