NFT or Non-fungible Token တွေကို စမတ်ဖုန်းနဲ့ Laptop တွေမှာ ကြည့်ရှုလို့ရနေပါပြီ။ မကြာခင်မှာ သင့်အိမ်က တီဗီတွေမှာပါ ကြည့်ရှုလို့ရလာတော့မှာ ဖြစ်ပါတယ်။ Samsung က ၂၀၂၂ ခုနှစ်ထုတ် တီဗီ စီးရီးတွေမှာ NFT Support ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

Samsung က “ NFT တွေဟာ လူကြိုက်အရမ်းများလာပါပြီ။ အဲဒီအတွက် Landscape ဒီဇိုင်းရှိတဲ့ NFT တွေကို တီဗီမှာ ကြည့်ရှုလို့ရနိုင်ဖို့ လိုအပ်လာပါပြီ။ ၂၀၂၂ ခုနှစ်မှာ Samsung ဟာ NFT Explorer ပါတဲ့ ကမ္ဘာ့ ပထမဆုံး တီဗီတွေကို မိတ်ဆက်မှာ ဖြစ်ပြီး NFT တွေကို တီဗီမှာ ရှာဖွေနိုင်၊ ဝယ်ယူနိုင်၊ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ကြေညာပါတယ်။

Samsung guarantees "groundbreaking" fresh TV function: NFT uphold - Lord Web

Samsung က ၂၀၂၂ ထုတ် တီဗီတွေမှာ NFT ကို ဘယ်လို ကြည့်ရှုရမလဲဆိုတာနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုလည်း ပြောပြပါတယ်။ အဲဒီတီဗီတွေမှာ ပါတဲ့ စမတ် Calibration လုပ်ဆောင်ချက်က ဖန်တီးသူ ကြိုတင်သတ်မှတ်ထားတဲ့ Value အတိုင်း Display Setting ကို အလိုလို ချိန်ညှိပေးမှာ ဖြစ်တဲ့အတွက် NFT တွေကို မူလ ရုပ်ပုံ အရည်အသွေးအတိုင်း ကြည့်ရှုခံစားနိုင်မှာပါ။

Samsung က လာမယ့်လအနည်းငယ်အတွင်း ၂၀၂၂ တီဗီတွေကို စတင် ရောင်းချတဲ့အချိန်မှာ NFT ပလက်ဖောင်းရဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို ပိုမို သိလာရမှာပါ။ လက်ရှိသတင်းအရ NFT တွေကို ထောက်ပံ့တဲ့ ပထမဆုံး တီဗီ ထုတ်လုပ်သူဟာ Samsung ဖြစ်လာမှာပါ။

Ref : theverge