[Zawgyi]

သုံးလပတ္ဘ႑ာေရးအစီရင္ခံစာေတြထြက္လာေတာ့ ေတာင္ကိုရီးယားရဲ႕ အီလက္ထေရာနစ္လုပ္ငန္းစုႀကီးတစ္ခုျဖစ္တဲ့ LG က ေရာင္းအား ၂၅ ရာခိုင္ႏႈန္းနီးပါး က်ဆင္းသြားတာကို ေတြ႕ခဲ့ရပါတယ္။ Samsung ရဲ႕ အစီရင္ခံစာထြက္လာျပန္ေတာ့ အတက္ေရာ၊ အက်ေရာ ႏွစ္မ်ိဳးလုံး ေရာေထြးေနတာကို ေတြ႕လိုက္ရပါတယ္။

Samsung ဟာ ႏွစ္ပတ္လည္ လုပ္ငန္းလည္ပတ္မႈအျမတ္ေငြက ၅၆ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားတာကို ေတြ႕ရပါတယ္။ ဇူလိုင္ကေန စက္တင္ဘာလၾကား ကာလအတြင္းမွာ ကုမၸဏီဟာ ၿပီးခဲ့တဲ့ႏွစ္က ရရွိခဲ့တဲ့ အျမတ္ေငြ ($15.04 ဘီလီယံ) ကေန ($6.58 ဘီလီယံ) အထိ က်ဆင္းသြားခဲ့ရပါတယ္။

Samsung ရဲ႕ အျမတ္ေငြက်ဆင္းမႈဟာ Semiconductor ေဈးကြက္ က်ဆင္းသြားတာနဲ႔ Memory Chip ဝယ္လိုအား ေလ်ာ့နည္းသြားတာေတြေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ တစ္ျခားတစ္ဘက္မွာေတာ့ စမတ္ဖုန္းေရာင္းခ်ျခင္းက ရရွိတဲ့အျမတ္ေငြဟာ ေကာင္းမြန္ေနဆဲျဖစ္တာကို ေတြ႕ရပါတယ္။

အထူးသျဖင့္ Galaxy Note 10 နဲ႔ A series ေတြရဲ႕ ခိုင္မာတဲ့ေရာင္းအားက မိုလ္ဘိုင္းဌာနရဲ႕ အျမတ္ေငြကို ($2.5 ဘီလီယံ) ျဖစ္ေစခဲ့ပါတယ္။ ဒီပမာဏဟာ ၿပီးခဲ့တဲ့ ၂၀၁၈ တတိယသုံးလပတ္ကာလရဲ႕ အျမတ္ေငြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၃၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတာ ျဖစ္ပါတယ္။ အလားတူပဲ Samsung ရဲ႕ မိုလ္ဘိုင္း OLED display လုပ္ငန္းကလည္း ၿပီးခဲ့တဲ့ႏွစ္ကထက္ ပိုေကာင္းလာတယ္လို႔ သိရပါတယ္။

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ကို ေမွ်ာ္ၾကည့္မယ္ဆိုရင္ေတာ့ Samsung ဟာ Semiconductor ေဈးကြက္ ျပန္လည္ဦးေမာ့လာမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ အေၾကာင္းရင္းက ကမာၻတစ္ဝန္းလုံးက စမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ 5G device ေတြေၾကာင့္ ဝယ္လိုအားတိုးလာႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Foldable ဖုန္းေတြနဲ႔ ကုမၸဏီရဲ႕ 5nm နဲ႔ 7nm EUV chipset ထုတ္လုပ္မႈကို အရွိန္ျမႇင့္တင္လိုက္ျခင္းေၾကာင့္ အျမတ္ေငြတိုးလာႏိုင္တာလည္း ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

တတိယသုံးလပတ်ဘဏ္ဍာရေးအခြေအနေမှာ Samsung ရဲ့ အမြတ်ငွေ ၅၆ ရာခိုင်နှုန်းအထိ ကျဆင်း

သုံးလပတ်ဘဏ္ဍာရေးအစီရင်ခံစာတွေထွက်လာတော့ တောင်ကိုရီးယားရဲ့ အီလက်ထရောနစ်လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ LG က ရောင်းအား ၂၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ Samsung ရဲ့ အစီရင်ခံစာထွက်လာပြန်တော့ အတက်ရော၊ အကျရော နှစ်မျိုးလုံး ရောထွေးနေတာကို တွေ့လိုက်ရပါတယ်။

Samsung ဟာ နှစ်ပတ်လည် လုပ်ငန်းလည်ပတ်မှုအမြတ်ငွေက ၅၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဇူလိုင်ကနေ စက်တင်ဘာလကြား ကာလအတွင်းမှာ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အမြတ်ငွေ ($15.04 ဘီလီယံ) ကနေ ($6.58 ဘီလီယံ) အထိ ကျဆင်းသွားခဲ့ရပါတယ်။

Samsung ရဲ့ အမြတ်ငွေကျဆင်းမှုဟာ Semiconductor ဈေးကွက် ကျဆင်းသွားတာနဲ့ Memory Chip ဝယ်လိုအား လျော့နည်းသွားတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ တစ်ခြားတစ်ဘက်မှာတော့ စမတ်ဖုန်းရောင်းချခြင်းက ရရှိတဲ့အမြတ်ငွေဟာ ကောင်းမွန်နေဆဲဖြစ်တာကို တွေ့ရပါတယ်။

အထူးသဖြင့် Galaxy Note 10 နဲ့ A series တွေရဲ့ ခိုင်မာတဲ့ရောင်းအားက မိုလ်ဘိုင်းဌာနရဲ့ အမြတ်ငွေကို ($2.5 ဘီလီယံ) ဖြစ်စေခဲ့ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ တတိယသုံးလပတ်ကာလရဲ့ အမြတ်ငွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ အလားတူပဲ Samsung ရဲ့ မိုလ်ဘိုင်း OLED display လုပ်ငန်းကလည်း ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းလာတယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ်ကို မျှော်ကြည့်မယ်ဆိုရင်တော့ Samsung ဟာ Semiconductor ဈေးကွက် ပြန်လည်ဦးမော့လာမယ်လို့ မျှော်လင့်နေပါတယ်။ အကြောင်းရင်းက ကမ္ဘာတစ်ဝန်းလုံးက စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ 5G device တွေကြောင့် ဝယ်လိုအားတိုးလာနိုင်တာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Foldable ဖုန်းတွေနဲ့ ကုမ္ပဏီရဲ့ 5nm နဲ့ 7nm EUV chipset ထုတ်လုပ်မှုကို အရှိန်မြှင့်တင်လိုက်ခြင်းကြောင့် အမြတ်ငွေတိုးလာနိုင်တာလည်း ဖြစ်ပါတယ်။

Ref: GSM Arena