Unicode

Samsung ကနေ အခုနှစ်မှာ ယခင်တုန်းကထက် Android Update ပိုင်းကို သိသိသာသာကို အာရုံစိုက်လာတာပဲဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 9 အတွက် Android 10 Stable Update ကို ထုတ်ပေးလိုက်ပါပြီ။

Samsung ဟာ အစောပိုင်းတုန်းက အခု Galaxy Note 9 အတွက် Android 10 Update ကို လာမယ့် ဇန်နဝါရီလအတွင်းမှာမှ ထုတ်ပေးမယ်လို့ ပြောကြားထားပေမယ့် အခုက အနည်းငယ်ပိုစောပြီး ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ ဒီ Android 10 Stable Update ကို Beta Program ဝင်ရောက်ထားသူတွေအတွက်ပဲ ရရှိသေးတာပါ။

အခု Galaxy Note 9 အတွက် Android 10 Update Version Number က N960FXXU4DSLB ဖြစ်ပြီး လက်ရှိ Beta Program ဝင်ရောက်ထားသူတွေအတွက်ကတော့ 100MB ဝန်းကျင်ပဲ Download ပြုလုပ်ရမှာပါ။ ပုံမှန် Android 9 Pie ကနေ Update လုပ်မယ်ဆိုရင်တော့ 1GB ကျော်လောက် Download လုပ်ရဖွယ်ရှိနေပါတယ်။

ဒီ Android 10 Update နဲ့အတူ OneUI 2.0 ကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီး Gesture Navigation အသစ်တွေ၊ Animation အသစ်နဲ့ ပိုပြီး Optimize ပြုလုပ်ထားတဲ့ Dark Mode လို Feature တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်းမှာ Samsung ရဲ့ Android Update ပိုင်းကို သေချာလုပ်လာတာကတော့ သဘောကျဖို့ကောင်းနေပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန အခုႏွစ္မွာ ယခင္တုန္းကထက္ Android Update ပိုင္းကို သိသိသာသာကို အာ႐ုံစိုက္လာတာပဲျဖစ္ပါတယ္။ အခုလည္း ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းက မိတ္ဆက္ခဲ့တဲ့ Samsung Galaxy Note 9 အတြက္ Android 10 Stable Update ကို ထုတ္ေပးလိုက္ပါၿပီ။

Samsung ဟာ အေစာပိုင္းတုန္းက အခု Galaxy Note 9 အတြက္ Android 10 Update ကို လာမယ့္ ဇန္နဝါရီလအတြင္းမွာမွ ထုတ္ေပးမယ္လို႔ ေျပာၾကားထားေပမယ့္ အခုက အနည္းငယ္ပိုေစာၿပီး ထုတ္ေပးလိုက္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေလာေလာဆယ္မွာ ဒီ Android 10 Stable Update ကို Beta Program ဝင္ေရာက္ထားသူေတြအတြက္ပဲ ရရွိေသးတာပါ။

အခု Galaxy Note 9 အတြက္ Android 10 Update Version Number က N960FXXU4DSLB ျဖစ္ၿပီး လက္ရွိ Beta Program ဝင္ေရာက္ထားသူေတြအတြက္ကေတာ့ 100MB ဝန္းက်င္ပဲ Download ျပဳလုပ္ရမွာပါ။ ပုံမွန္ Android 9 Pie ကေန Update လုပ္မယ္ဆိုရင္ေတာ့ 1GB ေက်ာ္ေလာက္ Download လုပ္ရဖြယ္ရွိေနပါတယ္။

ဒီ Android 10 Update နဲ႔အတူ OneUI 2.0 ကိုပါ အသုံးျပဳႏိုင္မွာျဖစ္ၿပီး Gesture Navigation အသစ္ေတြ၊ Animation အသစ္နဲ႔ ပိုၿပီး Optimize ျပဳလုပ္ထားတဲ့ Dark Mode လို Feature ေတြလည္း ပါဝင္လာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုေနာက္ပိုင္းမွာ Samsung ရဲ႕ Android Update ပိုင္းကို ေသခ်ာလုပ္လာတာကေတာ့ သေဘာက်ဖို႔ေကာင္းေနပါတယ္။

Ref – GSM Arena