Samsung ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ပထမနှစ်ဝက်အချိန်တုန်းက ပထဆုံးသော Foldable Phone တစ်လုံးဖြစ်တဲ့ Galaxy Fold ကို မိတ်ဆက်ခဲ့ပါတယ်။ စစခြင်း Galaxy Fold တွေဟာ Display ပိုင်း ပြဿနာတွေကြုံတွေ့ရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီးတော့ အဆင်ပြေတဲ့ Version ကို ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Samsung အတွက် စျေးအရလည်း အများဆုံးဖြစ်တဲ့ Galaxy Fold ဟာ Android Update ပိုင်းအရတော့ ပြီးခဲ့တဲ့ရက်ပိုင်းအထိကို Android 10 Update ရရှိခြင်းမရှိသေးပါဘူး။ ဒီလိုမျိုး Flagship Foldable ဖုန်းတစ်လုံးဖြစ်နေရက်နဲ့ Android 10 တောင် တခြား Mid Range ဖုန်းတွေထက် နှေးကွေးနေတာက ပြောစရာကြီးကြီးမားမားဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် SamMobile ရဲ့ ပြောကြားချက်အရတော့ Samsung ကနေ Galaxy Fold အတွက် OTA Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အခု Update ကို France မှာ အရင်ဆုံးထုတ်ပေးထားတာဖြစ်ပြီး Android 10-based OneUI 2.1 အပြင် March, 2020 Security Patch ပါ ပါဝင်လာမှာဖြစ်ပါတယ်။

တစ်ခုရှိတာက အခု Android 10 Update ဟာ 4G Version Galaxy Fold တွေအတွက်ပဲရရှိနေသေးတာဖြစ်တဲ့ ကျန်တဲ့ Region တွေနဲ့ Version တွေအတွက်ကတော့ ဘယ်အချိန်မှရရှိလာမလဲဆိုတာကို မသိရှိရသေးပါဘူး။

Ref – Android Authority