နာမည်ကြီး Tipster Revegnus က Samsung ဟာ ၂၀၂၅ ခုနှစ်မှာ စက္ကူလိုခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်းကို ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်းတွေမှာ အဆင့်မြင့် မျက်နှာပြင်အောက် ကင်မရာ နည်းပညာနဲ့ ဘောင်မပါတဲ့ ဒီဇိုင်း ပါလာမှာပါ။

Samsung ဟာ အဲဒီ ထူးခြားဆန်းသစ်တဲ့ မျက်နှာပြင် နည်းပညာတွေကို အရင်က ပြသခဲ့ဖူးပါတယ်။ 2022 K-Display Event မှာ Samsung က ခေါက်လိပ်နိုင်တဲ့ မျက်နှာပြင်၊ Foldable တက်ဘလက်တွေကို ပြသခဲ့ခြင်းဖြင့် လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်အမည်တွေကို “Flex G” နဲ့ “Flex S” လို့ အမည်ပေးထားပါတယ်။ အဲဒီ နည်းပညာတွေကြောင့် Samsung ဟာ ခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်း ထုတ်လုပ်မယ်ဆိုတာ အံ့အားသင့်စရာ မကောင်းပါဘူး။

Samsung ဟာ 2023 SID Display Week မှာလည်း 12.4” ခေါက်လိပ်နိုင်တဲ့ OLED Panel ကို ပြသခဲ့ပါတယ်။ အဲဒီ မျက်နှာပြင်ဟာ သေးငယ်တဲ့ ၄၉ မီလီမီတာ ကနေ ကြီးမားတဲ့ ၂၅၄.၄ မီလီမီတာအထိ ဆန့်ထုတ်နိုင်တဲ့အတွက် ပွဲလာသူတွေ အထင်ကြီးသွားစေတဲ့ပါတယ်။

တောင်ကိုရီးယား မီဒီယာကြီး The Elec က Samsung, LG နဲ့ Apple ဟာ အရှေ့ဘက်မှာ ဘောင် မပါတဲ့ OLED မျက်နှာပြင်တွေကို ထုတ်လုပ်ဖို့ ပူးပေါင်းထားတယ်လို့ ပြောထားပါတယ်။ အဲဒီ မျက်နှာပြင်ဟာ သုံးစွဲသူတွေအတွက် တစ်မူထူးခြားဆန်းသစ်တဲ့ အရသာကို ခံစားရစေမှာပါ။

Samsung ဟာ မျက်နှာပြင် နည်းပညာမှာ ကမ္ဘာ့ ထိပ်တန်း အဆင့်ရှိတဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပါတယ်။ Samsung ရဲ့ ခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်းတွေဟာ လူတွေကို ဘယ်လို အံ့အားသင့်စေမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina