Samsung ကနေ Galaxy S8 စမတ်ဖုန်းကို ထုတ်လုပ်ပြီး ၁ နှစ်လောက်ကြာတော့မှာ Android 8.0 Oreo Update ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး အခြားသော စမတ်ဖုန်းတွေထက် အများကြီးနောက်ကျပြီးမှာ Android Oreo Update ကို ရရှိပေမယ့်လည်း ကြာကြာမခံလိုက်ပါဘူး။

ဘာဖြစ်လို့လည်းဆိုရင် Samsung ကနေ အဆိုပါ Android Oreo Update ကို ပြန်လည်ရပ်ဆိုင်းခဲ့လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ အစပိုင်းတုန်းက Samsung ဟာ အခုလိုမျိုး Android Oreo Update ကို ဘာကြောင့်ပြန်လည်ရုတ်သိမ်းလိုက်တယ်ဆိုတာကိုတောင် ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ အခုလိုမျိုး Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေအတွက် Android Oreo Update ကို ရပ်ဆိုင်းလိုက်တာဟာ အလိုအလျောက် Restart ကျနေတာကြောင့်အဓိကဖြစ်ပြီးအခြားသော Error တွေကိုလည်း တွေ့ရတဲ့အတွက် ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း Samsung က ဘယ်အချိန်မှာ Android Oreo Update ကိုပြန်လည်ပေးမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။